ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆုရ ဓါတ်ပုံဆရာလည်းဖြစ်၊ တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ ရှာဟီဒူ အာလမ် ကို အာဏာပိုင်တွေက တရားမစွဲဆိုဘဲ သုံးလကြာ ထိန်းသိမ်းချုပ်နှောင်ထားပြီး၊ အာမခံလျှောက်ထားမှုကိုလည်း လေးကြိမ်တိုင် ပယ်ချခဲ့တယ်လို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။
အသက် ၆၃ နှစ်အရွယ် အာလမ် ကို ကျောင်သား ဆန္ဒပြမှုတွေအတွင်း အယ်ဂျာဇီးရာ ရုပ်သံ နဲ့ Facebook လူမှုကွန်ရက်မှာ သတင်းအမှားတွေ ပေးပို့မှု၊ ဆူပူအောင်လှုံ့ဆော်မှုတွေနဲ့ သြဂုတ်လ ၅ ရက်နေ့က ဖမ်းဆီး ခဲ့တာပါ။
ထိန်းသိမ်းခံနေရစဉ်အတွင်း ရိုက်နှက်ခံခဲ့ရတယ်လို့ အာလမ် ကပြောပါတယ်။
အခုလို တရားမစွဲဘဲ ထိန်းသိမ်းချုပ်နှောင်ထားတာဟာ ဘင်္ဂလားဒေ့ရှ် အခြေခံဥပဒေအရ အာလမ်ရဲ့ အခြေခံအခွင့်အရေးကို ချိုးဖောက်တာဖြစ်ကြောင်း ရှေ့နေက ပြောပါတယ်။
သူ့ကို ဘင်္ဂလားဒေ့ရှ် အင်တာနက် ဥပဒေနဲ့ စစ်ဆေးနေတယ်လို့ဆိုပါတယ်။ အဲဒီဥပဒေဟာ၊ နိုင်ငံရေး အတိုက်အခံတွေနဲ့ စာနယ်ဇင်းသမားတွေအပေါ် နှိပ်ကွပ်ဖို့ အသုံးပြုတဲ့ ဥပဒေဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောဆိုကြပါတယ်။
RFA
No comments:
Post a Comment