ရန်ကုန်၊နိုဝင်ဘာ၁-လူထုထောက် ခံမှုကျဆင်းနေသည်ဟူသည့် ဝေ ဖန်မှုကို ၂၀၁၈ ကြားဖြတ်ရလဒ် က ချေဖျက်ပေးလိမ့်မည် ယုံကြည်ကြောင်း ဒီချုပ်ပြောခွင့်ရဒေါက် တာမျိုးညွန့်က ပြောကြားလိုက်သည်။
လက်ရှိအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ သက်တမ်းတစ်ဝက်ကျော်ပြီဖြစ်ပြီး ပြည်သူလူထုကြားတွင် ဒီချုပ်ပါ တီလူထုထောက်ခံမှုကျနေပြီဟူသည့်ပြောဆိုမှုများ ရှိနေကြောင်း ၎င်းင်းက ဒီမိုကရေစီတူဒေးသို့ နိုဝင် ဘာ ၁ ရက်တွင်ပြောသည်။
"၂၀၁၈ ရလဒ်က ၂၀၂၀ ရ လဒ်ကို ရိုက်ခတ်မှုတော့ရှိပါတယ် ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ လူထု ကြားထဲမှာ ဒီအစိုးရအပေါ် လူထု ထောက်ခံမှုကျဆင်းနေပြီ ဆိုတဲ့ အဲဒီပြောဆိုမှုတွေကို ပြန်ပြီးတော့ ချေဖျက်နိုင်လိမ့်မယ်လို့ကျွန်တော် တို့ယုံကြည်ပါတယ် " ဟု ၎င်းင်းက ဆိုသည်။
သို့သော်လည်း ၂၀၁၈ ရလဒ်သည် ၂၀၂၀ ရလဒ်ကို အပြည့် အ၀လွှမ်းမိုးမှု မရှိနိုင်ကြောင်း ၎င်းင်းက ဆက်လက်ပြောသည်။ ယင်းအပြင် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်တွင် နေရာအားလုံးတွင် အနိုင်ရရှိ မည်ဟု မျှော်လင့်ထားကြောင်း ဒေါက်တာမျိုးညွန့်က ပြောသည်။
"ကျွန်တော်တို့ အားမရတာ လေးတွေတော့ရှိပါတယ်။ ဒါပေမဲ့ လုပ်သင့်လုပ်ထိုက်တာလေးတွေကို ကျွန်တော်တို့အဖွဲ့ဝင်များက အပြည့်အ၀လုပ်ဆောင်တဲ့အတွက် ဒါကိုတော့ ကျေနပ်မှုရှိပါတယ်" ဟု ၎င်းင်းကဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ရက်တွင်နေရာ ၁၃ နေရာ ၌ ကျင်းပမည်ဖြစ်ပြီး ဒီချုပ်ပါတီအ နေဖြင့် နေရာစုံဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး ပြိုင်ဘက်ပြည်ခိုင်ဖြိုး ပါတီကမူ ၁၀ နေရာသာဝင်ပြိုင် မည်ဖြစ်သည်။
HWA/Democracytoday

No comments:
Post a Comment