ယာဉ်ကြောပိတ်ဆို့မှု နှင့် YBSယာဉ်လိုင်းပြေးဆွဲမှုတွင် ကြန့်ကြာမှုရှိနေသောအခက်အခဲများအား ဖြေရှင်းနိုင်မည့် ဘတ်စကားသီးသန့်အမြန်ပြေးဆွဲ နိုင်သော BRT စနစ် ဆောင်ရွက်ရေးအတွက် ရှေ့ပြေးစီမံချက်ဆွေးနွေးပွဲကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့သည်။
ပြည်လမ်း မှ အင်းစိန်လမ်း အထိ ဘတ်စကား အမြန်ပြေးဆွဲနိုင် ရန် လမ်းနေရာ ဒီဇိုင်းများ နှင့် ဘတ်စကားသီးသန့် တစ်လမ်းသွား လမ်းများပါဝင် နိုင်မည့် BRT စနစ်အတွက် ဖြစ်နိုင်ခြေများ ကိုနိုင်ငံခြား ကုမ္ပဏီ တစ်ခုဖြစ်သော RAMBOLL ကုမ္ပဏီက YRTAအဖွဲ့သို့ ယင်းတို့၏ဒီဇိုင်းများ လုပ်ဆောင်နေမှုများ နှင့်ပတ်သက်၍ တင်ပြခဲ့ကြောင်းသိရသည်။
" သူတို့ပြောတဲ့အတိုင်း BRT လုပ်မယ်ဆိုရင် အခုကုန်ခဲ့တဲ့ အချိန်ရဲ့တစ်ဝက်လောက် ခရီးရောက်နိုင်လိမ့်မယ်။ ဘတ်စ်ကားပဲပြေးလို့ရမယ့်လမ်း တွေဖြစ်လာမယ်။ အရမ်းမြန်သွားမယ် ပြည်သူအတွက်လည်းအရမ်းအဆင်ပြေရင် အိမ်ကားတွေ Taxicတွေ သုံးတာတွေလည်း ဖြေရှင်းပြီးဖြစ်ပြီ များများနဲ့မြန်မြန်ရောက်နိုင်မယ်ပေါ့" ဟု YRTA အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ မှ ဒေါက်တာမောင်အောင်ကပြောသည်။
BRT စနစ် ကို ရန်ကုန်မြို့တွင် စတင်အကောင်အထည်ဖော်ရာ၌ အင်းစိန်လမ်း နှင့် ပြည်လမ်းများသည် အဖြစ်နိုင်ဆုံး လမ်းများဖြစ်ကြောင်း နှင့် တစ်လမ်းသွား မှ အလျှင်သင့်သလို ဆောင်ရွက် ရနိုင်သော လမ်းပြောင်းပြန်စနစ်များလည်း ပါဝင်ပြင်ဆင်ထားရန် လိုအပ်ကြောင်းသိရသည်။
အဆိုပါ BRT စနစ် အတွက်ရှေ့ပြေးစီမံချက် အား အကောင်အထည်ဖော်နိုင်ရန် သည် တိုင်းဒေသကြီးအစိုးရ၏ ဆုံးဖြတ်မှုအပေါ်တွင် သာမူတည်ကြောင်း နှင့် လက်ရှိတွင် BRT လမ်းလုပ်ဆောင်ရေး ဖြစ်နိုင်ခြေ ဒီဇိုင်းများအတွက် သက်ဆိုင်ရာ ကုမ္ပဏီများ ကYRTAသို့တင်ပြဆွေးနွေးမှုများ ရှိကြောင်းသိရသည်။
The Fifth Wave News







0 comments:
Post a Comment