Wednesday, November 28, 2018

တရုတ်နိုင်ငံ ဟီ​ပေးပြည်​နယ်​တွင်​ စက်​ရုံ​ပေါက်​ကွဲမှု​ကြောင့်​ လူ(၂၂)ဦး​သေဆုံး


နိုဝင်​ဘာလ(၂၈)ရက်​ ဒီ​နေ့မနက်​အ​စောပိုင်းမှာ တရုတ်​နိုင်​ငံ​မြောက်​ပိုင်းဟီ​ပေးပြည်​နယ်​က ကျန်းဂျာကူးမြို့မှာရှိတဲ့ဓာတုစက်​ရုံတစ်​ခု​ပေါက်​ကွဲခဲ့တာ​ကြောင့်​ လူ(၂၂)ဦး​သေဆုံးပြီး ​နောက်​ထပ်​လူအနည်းဆုံး(၂၂)ဦးဒဏ်​ရာရခဲ့တယ်​လို့ ​ဒေသအာဏာပိုင်​​တွေက​ပြောပါတယ်​။ 
တရုတ်​အစိုးရပိုင်​ရုပ်​သံမှာ​ဖော်​ပြထားတဲ့ရုပ်​သံဖိုင်​​တွေမှာ​တော့ ​ပေါက်​ကွဲမှု​ကြောင့်​ မီးခိုးလုံး​တွေနဲ့မီး​တောက်​​တွေ​ဖောင်းကြွ​နေတာကိုမြင်​ရပြီး ပုံ​တွေမှာ​တော့ မီး​လောင်​ထားတဲ့ကား​တွေ လမ်း​ပေါ်​ရောက်​​နေတာကို​တွေ့ရပါတယ်​။ 

မီး​တွေက ကားအစီး(၅၀)​လောက်​ကို ဝါးမြိုသွားတယ်​လို့ အာဏာပိုင်​​သတင်းရင်းမြစ်​​တွေကိုကိုးကားပြီး ရှင်​ဟွာသတင်း​​အေဂျင်​စီက​ဖော်​ပြပါတယ်​။မီးထိန်းနိုင်​ပြီလို့လည်းသိရပါတယ်​။ 

ပေါက်​ကွဲမှုဖြစ်​ခဲ့တဲ့အနားက ဟီ​ဘေးရှန်းဟွာဓာတုစက်​ရုံမှာ ထုတ်​လုပ်​မှုရပ်​ဆိုင်းထားပြီး ​ပေါက်​ကွဲမှုဖြစ်​ခဲ့တဲ့အထဲမှာ ဟီ​ဘေးရှန်​ဟွာစက်​ရုံမပါဘူးလို့ ကုမ္မဏီ​ပြောခွင့်​ရသူကအတည်​ပြုပါတယ်​။ 

တရုတ်​နိုင်​ငံမြို့​တော်​​ပေကျင်းရဲ့အ​နောက်​​မြောက်​ဘက်​(၉၉)မိုင်​အကွာမှာရှိတဲ့ကျန်းဂျာကူးမြို့ဟာ (၂၀၂၂)​ဆောင်းရာသီအိုလံပစ်​ကို ​ပေကျင်းနဲ့အတူလက်​ခံကျင်းပမှာပါ။ 

နိုဝင်​ဘာလ(၂၄)ရက်​ကလည်း ဂျီလင်းပြည်​နယ်​က စက်​မှုလုပ်​ငန်းသုံးစက်​ရုံတစ်​ရုံ​ပေါက်​ကွဲခဲ့တာ​ကြောင့်​ လူ(၂)ဦး​သေဆုံးခဲ့ပါတယ်​။ 

စက်​ရုံ​တွေမှာ ​ဘေးကင်းလုံခြုံ​စေရမယ်​လို့ တရုတ်​နိုင်​ငံကကတိပြုထား​ပေမဲ့ စည်းကမ်းထိန်းသိမ်း​ရေးပိုင်းက​တော့ အားနည်း​နေပါတယ်​။ 


Source-Reuters 
#ဥက္ကာ 
#TheFifthWaveNews


0 comments:

Post a Comment