၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၄ ရက်၌ ထုတ်ပြန်ခဲ့သည်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်လစ်လပ်မဲဆန္ဒနယ်၁၃ နေရာအနက် အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပြည်သူ့လွှတ်တော် သုံးနေရာ၊ တိုင်းဒေသကြီးလွှတ်တော် သုံးနေရာနှင့် ရှမ်းတိုင်းရင်းသားလူမျိုးတစ်နေရာ စုစုပေါင်းခုနစ်နေရာဖြင့် နေရာ အများဆုံး အနိုင်ရရှိပြီး မဲဆန္ဒနယ် အားလုံး၏ ၅၃ ရာခိုင်နှုန်းကျော်နိုင်ခဲ့သည်။
အနိုင်ရ ဒီချုပ်အမတ်များသည် ဦးညွန့်ဝင်း(ကန်ပက်လက်)၊ ဦးစိန်မြင့် (မြင်းခြံ)၊ ဦးတိုးဝင်း(တာမွေ)၊ ဦးကျော်ဇေယျ (ပဲခူးတိုင်းလွှတ်တော်အုတ်တွင်း-၁)၊ ဦးကျော်ငွေ(မကွေးတိုင်းလွှတ်တော် မင်းဘူး - ၂)၊ဦးစိုးလွင်(မန္တလေးတိုင်းလွှတ်တော် သပိတ်ကျင်း-၁)နှင့် ဦးစိုင်းပန်းဆိုင်(ခ)ဦးစိုင်းထွန်းစိန်(ခ)ဦးကျော်စိန် (မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားလူမျိုး) တို့ဖြစ်သည်။
ဒုတိယအများဆုံးအနိုင်ရခဲ့ သည့် ပြည်ခိုင်ဖြိုးအမတ်များမှာ ဦးဆီဟူးဒွေ့ (ကချင်ပြည်နယ်အ မျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်-၂)၊ ဦးရိုထန်းပွီးယာ (စစ် ကိုင်းတိုင်းလွှတ်တော် တမူး-၂)၊ ဦးနေမျိုးအောင် (ရန်ကုန်တိုင်း လွှတ်တော် ဆိပ်ကမ်း-၂)တို့ဖြစ် သည်။ အနိုင်ရရှိမှု ၂၃ ရာခိုင်နှုန်း ရှိသည်။
ရှမ်းပြည်နယ် တောင်ပိုင်း လဲချားပြည်သူ့လွှတ်တော်မဲဆန္ဒ နယ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)အမတ် စိုင်းဥက္ကာကလည်းကောင်း၊ ရခိုင်ပြည်နယ်လွှတ်တော် ရသေ့ တောင်(၂) မဲဆန္ဒနယ်တွင် ဒေါက် တာအေးမောင်၏သား တစ်သီး ပုဂ္ဂလကိုယ်စားလှယ် ဦးတင် မောင်ဝင်းကလည်းကောင်း အနိုင် ရရှိပြီး ချင်းပြည်နယ်လွှတ်တော် မတူပီ(၁) တွင် ချင်းဒီမိုကရေစီ အဖွဲ့ချုပ်(CLD)အမတ် ဦးအောင် လျန်က အနိုင်ရရှိသည်။
၂၀၁၇ ကြားဖြတ် ရွေး ကောက်ပွဲတွင် ဒီချုပ်ပါတီသည် လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာတွင် ၁၈ နေရာ ဝင်ပြိုင်ရာ ကိုးနေရာ အနိုင်ရရှိသဖြင့် အနိုင်ရရှိမှု ၄၇ ရာခိုင်နှုန်းဖြစ်သည်။
၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲတွင် ဒီချုပ်ပါတီသည် လွှတ်တော်သုံးရပ်၏မဲဆန္ဒနယ် ၁,၁၅၀ နေရာတွင် ၁,၁၂၂ နေရာ ဝင်ရောက်ယှဉ်ပြိုင်ရာ ၈၈၆ နေရာ အနိုင်ရရှိပြီး အနိုင်ရရှိမှု ၇၈ရာခိုင် နှုန်းကျော် ဖြစ်သည်။
၂၀၁၈ ကြားဖြတ် ရွေး ကောက်ပွဲဒီချုပ်ပါတီ၏အနိုင်ရရှိ မှု ၂၀၁၇ ကြားဖြတ်ထက် ရာခိုင်နှုန်းပိုသော်လည်း ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲ အနိုင်ရရှိမှုနှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်းလျော့ကျခဲ့သည်။
ယခုကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအနိုင်ရခဲ့ သော ကချင်အမျိုးသားလွှတ် တော်(၂)၊ တမူး(၂)နှင့် ဆိပ်ကမ်း (၂) မဲဆန္ဒနယ်များသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဒီချုပ်အမတ် များအနိုင်ရရှိခဲ့သည့် နေရာများ ဖြစ်သည်။ ချင်းဒီမိုကရေစီအဖွဲ့ ချုပ်အနိုင်ရခဲ့သော မတူပီ(၁)သည်လည်း ယခင်က ဒီချုပ်အမတ်အနိုင်ရရှိခဲ့သည့်နေရာဖြစ်သည်။ ရခိုင်ပြည်နယ် ရသေ့တောင်(၂) နှင့် ရှမ်းပြည်နယ် လဲချားမဲဆန္ဒ နယ်များသည် ယခင်ကလည်း တိုင်းရင်းသားကိုယ်စားလှယ်များ သာ အနိုင်ရခဲ့သည့် နေရာဖြစ် သည်။
ထို့ကြောင့် ဒီချုပ်ပါတီအနေ ဖြင့် ယခုကြားဖြတ်ရွေးကောက်ပွဲ တွင် ယခင်အနိုင်ရထားသည့် မဲ ဆန္ဒနယ် လေးနေရာကို လက်လွှတ်ခဲ့ရသည်။
7Day







0 comments:
Post a Comment