Thursday, November 1, 2018

NLD ပါတီကို ပြည်သူလူထု ထောက်ခံမှုမှာ ကျဆင်းသွားခြင်းမရှိဟု ဒေါက်တာမျိုးညွန့်ပြော


NLD ပါတီကို ပြည်သူလူထုထောက်ခံမှု မှာ ကျဆင်းသွားခြင်းမရှိဘဲ လျော့ကျသွားမည်ကိုသာ စိုးရိမ်ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့် က အကုန်သိသတင်းဌာနကို ပြောသည်။ 
ပြီးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုများ တည်ဆောက်မှုအပြီးတွင် တိုင်းရင်းသား ဒေသ အချို့၌ ကန့်ကွက်မှုများရှိခဲ့သလို မွန်ပြည်နယ်ရှိ ချောင်းဆုံတံတားကိုလည်း ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးခဲ့မှုအပေါ် ကန့်ကွက်မှုအချို့ရှိခဲ့ကြောင်း သိရသည်။ 

“ကျွန်တော်တို့ ပါတီကို ထောက်ခံမှု ကျဆင်းသွားတယ်။ လျော့ကျသွားတယ်လို့ ကျွန်တော်တို့ မပြောခဲ့ပါဘူး။ စီးပွားရေးတွေကြပ်တည်းတာ မှန်တယ်။ ဒီအခြေအနေကနေ ကျော်လွှားသွားရမယ်။ ဒါကို ကျွန်တော်တို့ ရင်ဆိုင်ရမယ်ဆိုတာ ပြည်သူလူထုကလည်း နားလည် လက်ခံပါတယ်။ထောက်ခံမှုက မကျသွားပါဘူး။ ဒါကို လျော့ကျသွားမှာ စိုးရိမ်တယ်လို့ ပြောတာပါ’’ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။ 

NLD ၏ ဒုတိယအကြိမ် ပါတီညီလာခံတွင် ပါတီအတွင်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး ကော်မတီအသစ် များကို ဖွဲ့စည်းခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့သည်။ 

NLD ပါတီသည် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲ ထက်ဝက်ကျော်ဖြင့် အနိုင်ရရှိခဲ့ပြီး အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့သည်။ 

“ဟိုးအရင်တုန်းက ဖင်ကောက်လို့ခေါ်တဲ့ ကိုယ်ပိုင်ကားတစ်စီး သိန်းတစ်ထောင် မင်းနဲ့ငါနဲ့ ဝေစားလိုက်ကြရအောင် ဖုန်းတစ်လုံး သိန်းနှစ်ဆယ် မင်းနဲ့ငါနဲ့ရှယ်ယာနော်။ ဒီလိုအခြေအနေမျိုးတွေကို ကျွန်တော်တို့ အစိုးရလက်ထက်မှာ စည်းနဲ့ကမ်းနဲ့ ဥပဒေအောက် ရောက်အောင် အားလုံးဆောင်ရွက်ပေးခဲ့တယ်။ ပြည်သူ့ ပိုင်မြေကို ပါတီမြေနေရာ အဖြစ်ရရှိအောင် NLD အစိုးရ လက်ထက်မှာ မြေတစ်လက်မမှ မသိမ်းခဲ့ဘူး’’ဟု ဒေါက်တာမျိုးညွှန့်က ပြောကြားထားသည်။ 

မင်းသီဟန်(အကုန်သိသတင်းဌာန)

No comments:

Post a Comment