မြောက်ကိုရီးယားနိုင်ငံက ဖမ်းစီးထားပြီး ပြန်လွှတ်ပေးလိုက်ချိန်မှာ သေဆုံးသွားတဲ့ အမေရိကန် တက္ကသိုလ်ကျောင်းသား Otto Warmbier ရဲ့ မိဘတွေကို မြောက်ကိုရီးယားနိုင်ငံအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ပေးဖို့ အမေရိကန်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။
ဒီအမှုမှာသေဆုံးသူ ကျောင်းသားရဲ့ မိဘတွေက မြောက်ကိုရီးယားနိုင်ငံကို အမေရိကန်တရားရုံးမှာ တရားဆွဲခဲ့တာဖြစ်ပြီး တရားသူကြီးက မြောက်ကိုရီးယားနိုင်ငံရဲ့ လူမဆန်တဲ့ အပြုအမူတွေကို လက်ခံတယ်လို့ တနင်္လာနေ့က ဆုံးဖြတ်လိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံကို ဒဏ်တပ်လိုက်တဲ့ ငွေဟာ သေဆုံးသူ ဆေးကုသကုန်ကျစရိတ်၊ ဆုံးရှုံးမှုနဲ့ မိသားစုခံစားခဲ့ရမှုတွေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသူ Otto Warmbier ဟာ ဗာဂျီးနီးယားတက္ကသိုလ်က ကျောင်းသားတဦးဖြစ်ပြီး ၂၀၁၆ခုနှစ်က မြောက်ကိုရီးယားနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်အုပ်စုနဲ့ သွားရောက်ခဲ့တာဖြစ်ပြီး ကြော်ငြာစာရွက်ခိုးယူတယ် ဆိုတဲ့အမှုနဲ့ ဖမ်းဆီးပြီး ထောင်ဒဏ် ၁၅ နှစ် အပြစ်ပေးခံခဲ့ရတာပါ။ သူကို ၂၀၁၇ ခုနှစ်မှာ ပြန်လွှတ်ပေးခဲ့ပေမဲ့ ပြန်လွတ်လာပြီး ၂၀၁၇ ဇွန်လမှာ သေဆုံးသွားခဲ့တာပါ။ သူဟာပြန်လွတ်လာစဉ် ကိုးမားဖြစ်နေပြီး နိပ်စက်ခံထားရတဲ့ လက္ခဏာတွေ တွေ့ရှိရတာဖြစ်ပါတယ်။
Photo: Paul Vernon / AFP
RFA

No comments:
Post a Comment