ထိုင်းနိုင်ငံ၊ ဆူဖန်ဘူရီခရိုင်မှာအလုပ်လုပ်နေတဲ့ မြန်မာမိဘနှစ်ဦးကမွေးဖွားတဲ့ကလေးငယ်ကို သေဆုံးလျက်ပြန်တွေ့တယ်လို့ ထိုင်းမီဒီယာတွေမှာဖော်ပြနေပါတယ်။
ဆူလေးဖျူးဆိုတဲ့အဲဒီကလေးငယ်ဟာ ဒီဇင်ဘာ(၁၇)ရက်မှာ သူ့အစ်မနဲ့ကစားနေရင်း လူကြီးတစ်ယောက်ကလာခေါ်ခဲ့ပြီးနောက် ပျောက်ဆုံးနေတာလို့ သူ့ရဲ့အစ်မဖြစ်သူကပြောပါတယ်။
ကလေးငယ်ဟာ ခြေကုန်လက်ပန်းကျပြီးသေဆုံးခဲ့တာလို့ ယူဆရတယ်ဆိုပြီး ဘန်ကောက်ပို့စ်သတင်းစာကဖော်ပြပါတယ်။
ဆူဖန်ဘူရီအုပ်ချုပ်ရေးမှူး နီမစ် ဝမ်ချိုင်သာနာဝေါင်းက ကလေးငယ်ပျောက်ဆုံးသွားတဲ့နားက ဧက(၇၀)ကျော်တဲ့ကြံခင်းထဲမှာရှာဖို့ ထိုင်းစစ်ဘက်၊ အရပ်ဘက်က ကယ်ဆယ်ရေးသမား(၇၀၀)လောက်ကို ဒီနေ့မနက်ပိုင်းက ညွှန်ကြားခဲ့ပါတယ်။
သူတို့မောင်နှမကစားနေတဲ့နေရာကနေ (၅)ကီလိုမီတာအကွာကကြံခင်းထဲမှာ ကလေးငယ်ရဲအလောင်းကို ပြန်တွေ့ခဲ့ရပါတယ်။
အလောင်းကို သေမှုသေခင်းစစ်ဆေးဖို့ ဆေးရုံကိုပို့ထားပါတယ်။
ကလေးငယ်ကိုရှာဖို့ ထိုင်းရဲတွေ၊ စစ်သားတွေ၊ စေတနာ့ဝန်ထမ်းရာချီတို့ပါခဲ့ရုံတင်မဟုတ်ဘဲ အနံခံခွေးတွေ၊ မောင်းသူမဲ့လေယာဉ်တွေနဲ့ဆင်တွေလည်းပါဝင်ပါတယ်။
Source-Bangkok Post
#ဥက္ကာ
#TheFifthWaveNews




No comments:
Post a Comment