Tuesday, December 25, 2018

RCSS/SSA ပစ်​ခတ်​မှုကြောင့် ဒဏ်​ရာရသူ နမ်းဟူးရွာသား ၃ ဦးအနက်​ ၁ ​ဦး​သေဆုံး


ရှမ်းပြည်​နယ်​တောင်​ပိုင်း၊ လွိုင်​လင်​မြို့နယ်​မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)ရဲ့ ပစ်​​ခတ်​မှု​ကြောင့် ဒဏ်​ရာရသွားတဲ့ နမ်းဟူး (ဆိုင်​ငင်း) ရွာသား သုံးဦးအနက်​ ဒီဇင်​ဘာ ၂၅ ညက တဦး​သေဆုံးသွားပါတယ်​။ 
ဒဏ်ရာရသူ ခွန်​သူရဟာ စဝ်​စံထွန်း​ဆေးရုံမှာ ​တက်ရောက် ဆေးကုသခံယူ​နေ​စဉ်​ သေနတ် ဒဏ်​ရာနဲ့ ​သေဆုံးသွားတာဖြစ်​တယ်လို့ သူ့ရဲ့ မိသားစုဝင်က ပြောပါတယ်။ 

“မ​နေ့ည ၉ နာရီအချိန်​မှာပဲ ဆုံးသွားပြီ၊ သူက​သေနတ်​ တချက်​ပဲထိတာ၊ ဗိုက်​မှာထိ​တော့ အူ​တွေ အစာအိမ်​​တွေထိသွားတယ်​။ ဆရာဝန်​​တွေက ကြိုးစားကု​ပေမယ့် မတတ်​နိုင်​​တော့ဘူး” 

ဒီဇင်​ဘာ ၁၁ ရက်​ ​ည​နေမှာ RCSS/SSA ရှမ်းလက်နက်ကိုင်အဖွဲ့က နမ်းဟူးရွာသူကြီး၊ ရပ်​​ကျေးဥက္ကဋ္ဌ၊ ရပ်​​ကျေးရုံးစာ​ရေးနဲ့ ​ကျောင်း​ကော်​မတီဝင်​​တွေကို ဖမ်းဆီး​ခေါ်​ဆောင်​သွားလို့ ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်​​ပေးဖို့ ရွာသား​တွေ နောက်ကလိုက်​သွားစဉ်​ ပစ်​ခတ်​ခံရပြီး ရွာသား၅ဦး​ သေဆုံး ၊ ၃ဦး ဒဏ်​ရာရ ရှိခဲ့တာပါ​။ 

RCSS/SSAဘက်ကတော့ လွိုင်​လင်​မြို့နယ်​မှာ သွားလာ လှုပ်ရှားနေတဲ့ သူတို့ တပ်ဖွဲ့ဝင်တွေကို ဟိုပုံး ကိုရင်​​လေးပြည်​သူ့စစ်​ ၂၀ လောက်က သေနတ်ဝင်လု၊ ဓားနဲ့ ဝင်ခုတ်တာကြောင့် ခုခံကာကွယ်ရင်း ပစ်ခတ်မိတာလို့ ပြောထားပါတယ်။ 

ရွာသား​တွေ ​သေနတ်​လုတာမှန်​​ပေမယ့် RCSS ဘက်​က စွပ်​စွဲသလို ဟိုပုံး ကိုရင်​​လေး ပြည်​သူ့စစ်​ မဟုတ်​​ကြောင်းနဲ့ ရွာသား​တွေ အင်​အား ၂၀ ဆိုတာလည်း မဟုတ်​​ကြောင်း ဒဏ်​ရာရသူ တဦးက ဆိုပါတယ်​။ 

ဒဏ်​ရာရသူ ခွန်​မြင့်အောင်​က“​သေဆုံးသွားတဲ့သူ၊ ဒဏ်​ရာရသူ ​တွေဟာ ရွာသားစစ်​စစ်​ပါ။ ရွာသား ခြောက်ဦးပဲ လိုက်​သွားတာ၊ ဖမ်းထားတဲ့သူ​လေးဦးကို ရွာသား​တွေကပဲ ကြိုး​ဖြေ​ပေးတာ၊ အုပ်​ချုပ်​​ရေးမှူးကို ရွာသား​တွေ ကြိုး​ဖြေပြီးလွှတ်​​ပေးတာ၊ သူတို့က ရုံးစာ​ရေးကို အတင်း​ခေါ်ဖို့ လုပ်​​တော့ စကားများကြတယ်​။ ခွန်​တမူးက စိတ်​တိုပြီး​ သေနတ်​လုတာ အဲဒါနဲ့ ရွာသားအားလုံးကို​ သေ​အောင်​ပစ်​လိုက်​တာပါ”လို့ ​ပြောပါတယ်​။ 

သေဆုံးသွားတဲ့ ခွန်​သူရကို ဒီဇင်​ဘာလ ၂၇ ရက်​​နေ့ လွိုင်​လင်​မြို့နယ်​ သုသာန်​ မှာ သင်္ဂြိုလ်​သွားဖို့ ရှိပါတယ်​။ 

ဒီဖြစ်​စဉ်​နဲ့ ပတ်သက်ပြီး တရားမျှတမှုရရှိဖို့ ဒီဇင်​ဘာ ၂၁ ရက်​​က ပအိုဝ်းပြည်​သူ​တွေ ​တောင်​ကြီးမြို့မှာ ဆန္ဒပြ​တောင်းဆိုခဲ့သလို သမ္မတထံ အိတ်​ဖွင့်ပေးစာပေးပို့ တိုင်ကြားခဲ့ပါတယ်​။ 

ခွန်​ရာဇာ
DVB

No comments:

Post a Comment