ရခိုင်လက်နက် ကိုင်အဖွဲ့(AA)၏ လွှမ်းမိုးမှုကိုမခံဘဲ ရခိုင်ပြည်နယ်အေးချမ်း တည်ငြိမ်ရေး ပူးပေါင်းဆောင် ရွက်ရန် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူးကြီးကြည်လင်းက ဒေသ ခံများအား တိုက်တွန်းပြောကြား သည်။
ဇန်န၀ါရီ ၄ ရက်က ဘူးသီး တောင်ရှိ ရဲကင်းစခန်းလေးခုကို AA အဖွဲ့က တိုက်ခိုက်မှုနှင့်ပတ် သက်ပြီး ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ မှူးက ထိုသို့ပြောကြားခြင်းဖြစ် သည်။
AA အနေဖြင့် အရပ်ဘက် ပစ်မှတ်များအား တိုက်ခိုက်မည် ကို ကြိုတင်သတင်းရသဖြင့် ပြင် ဆင် ဆောင်ရွက်ထားသော်လည်း အင်အားအလွန်များပြားခဲ့၍ ထိ ခိုက်မှုများ ဖြစ်ပေါ်ခြင်းဖြစ် ကြောင်း ၎င်းကပြောသည်။
မကြာသေးမီက ရခိုင်ပြည် နယ်ဝန်ကြီးချုပ် ယာဉ်တန်းကို မိုင်းဖြင့်တိုက်ခိုက်ခြင်း၊ ဒေသခံ တိုင်းရင်းသားများကို အကြမ်း ဖက်အန္တရာယ်မှ အကာအကွယ် ပေးနေသည့် ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်းသည် အကြမ်းဖက် လုပ်ရပ်များဖြစ်ကြောင်း ရဲမှူးကြီး ကြည်လင်းက ပြောသည်။
ဝန်ကြီးချုပ်ယာဉ်တန်းကို ဖောက်ခွဲမှုတွင် အသုံးပြုသောမိုင်း သည် ယမန်နှစ်ကစစ်တွေမြို့ တွင်း ပေါက်ကွဲမှု၌ အသုံးပြုသော မိုင်းအမျိုးအစားနှင့် တူညီနေ၍ AA အဖွဲ့၏ ရခိုင်ဒေသအနှံ့လှုပ် ရှားမှုရှိနေသည့်အပေါ် စိုးရိမ် မကင်းဖြစ်နေသည်ဟု တာဝန်ရှိ သူများက ဆိုသည်။
‘‘ဗုံးပုံသဏ္ဌာန်က တူနေတာ ဟုတ်တယ်။ အဲဒီအတွက် AA ရဲ့ လွှမ်းမိုးမှုရှိနေပြီး ဆက်သွယ်နေ တဲ့သူတွေ မြို့ရွာတွေမှာရောက် နေတာကို လက်ခံရမှာပေါ့’’ ဟု ရဲမှူးကြီးကြည်လင်းက ပြော သည်။ထို့အပြင် လက်ရှိအစိုးရက ပြည်သူများအပေါ် အလေးထား ပြီး ကောင်းမွန်သည့်လမ်းစဉ်၊ စနစ်တို့ဖြင့် သွားနေကြောင်း၊ ယင်းအပေါ်ပူးပေါင်းဆောင်ရွက် ကြရန် ၎င်းကတိုက်တွန်းသည်။ ဆန့်ကျင်ဘက် အတွေးအခေါ်များ ကြောင့် စစ်ရေးပဋိပက္ခများဖြစ် ပေါ်လာပါက ပြည်သူများသာ အ ထိနာကြောင်း ပြောသည်။
‘‘အခုဆို တဖြည်းဖြည်းနဲ့ စစ်ရှောင်တွေ များလာတယ်။ အ ရင်က မကြားဖူးတာတွေ ကြားနေ ရတာပေါ့’’ ဟု ရဲမှူးကြီးကြည် လင်းကပြောသည်။
7Day
No comments:
Post a Comment