Sunday, January 6, 2019

နေပြည်တော်က ဗိုလ်ချုပ်ရုပ်တုကို ၂၀၂၀ ပြည့်နှစ် ဖွင့်လှစ်မည်


နေပြည်တော် သပြေကုန်းအဝိုင်းမှာထားရှိမယ့် ဗိုလ်ချုပ်မြင်းစီး ကြေးရုပ်ကို (၂၀၂၀) ပြည့်နှစ် ဖေဖေါ်ဝါရီလ(၁၂)နဲ့ (၁၃)ရက်တွေမှာ ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ 
  
လက်ရှိ ကြေးရုပ်ပုံဖမ်းတဲ့ အဆင့်ပြီးဆုံးသွားပြီး ဖြစ်လို့ အချောသတ်ဖို့ပဲ ကျန်တော့တယ်လို့ နေပြည်တော် ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းသူက ပြောပါတယ်။ 
ကြေးရုပ်သွန်းလောင်းဖို့အတွက် အဆင့်(၇)ဆင့်ရှိပြီး (၁၇)လ ကြာမြင့်မယ်လို့လည်း သိရပါတယ်။ 
လက်ရှိမှာတော့ အဆင့်(၃)ဆင့် ပြီးဆုံးနေပြီဖြစ်ပါတယ်။ 
အပြီးသတ် ပုံသွင်းလောင်းတာကိုတော့ ရန်ကုန်မှာ တည်ဆောက် နေပြီး မြေပြင်လုပ်ငန်းတွေကိုတော့ လာမယ့် စက်တင်ဘာလမှာ ဆောင်ရွက်မယ်လို့ ဦးမင်းသူက ပြောပါတယ်။ 
ကြေးရုပ်အတွက် ခန့်မှန်းခြေကုန်ကျငွေမှာ ကျပ်သိန်း(၂၅၀၀) ဝန်းကျင် လျာထားတယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ဟာ အမြင့်(၁၈)ပေရှိပြီး အသက်၃၂နှစ်အရွယ် ဗိုလ်ချုပ်ပုံကို ထုလုပ်ထား တယ်လို့ သိရပါတယ်။ 
ဗိုလ်ချုပ်ရုပ်တုကို ရန်ကုန်ယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်က အငြိမ်းစားပါမောက္ခဦးမြင့်စံက ထုလုပ်တာ ဖြစ်ပါတယ်။ 

သတင်း- မင်းဇင်
One News Myanmar 

No comments:

Post a Comment