Friday, January 25, 2019

အမေရိကန်အစိုးရ လုပ်ငန်းများ ပြန်စတင်ရေး ဥပဒေကြမ်းနှစ်ခု မဲခွဲရာတွင် ရှုံးနိမ့်


အမေရိကန်အစိုးရလုပ်ငန်းတွေ ပြန်လည်စတင်ရေး ဥပဒေကြမ်းနှစ်ခုကို ဇန်နဝါရီ ၂၄ ရက်နေ့က အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ လိုအပ်တဲ့ မဲအရေအတွက် မရဘဲ ရှုံးနိမ့်ခဲ့ပါတယ်။ 
ရီပတ်ဘလစ်ကန်သမ္မတ ဒေါ်နယ်ထရမ့် ထောက်ခံတဲ့ ဥပဒေကြမ်းနဲ့ ဒီမိုကရက် အမတ်တဦးတို့ တင်သွင်းတဲ့ သီးခြားဥပဒေကြမ်းတို့ဟာ ထောက်ခံမဲ ၅၂ မဲ၊ ကန့်ကွက်မဲ ၄၄ မဲနဲ့ လိုအပ်တဲ့ မဲအရေအတွက် ငါးပုံသုံးပုံမရဘဲ ရှုံးနိမ့်ခဲ့တာပါ။ 

သမ္မတ ထရမ့်ရဲ့ တံတိုင်းတည်ဆောက်ရေးရန်ပုံငွေ မပါဘဲ အစိုးရအေဂျင်စီတွေ အခိုက်အတန့် ပြန်ဖွင့်ရေး ဥပဒေကြမ်းကို ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် အများအပြားနဲ့ ဒီမိုကရက်တွေက ထောက်ခံခဲ့ပါတယ်။ 

အဲဒီလို ထောက်ခံတဲ့အထဲမှာ အသစ်စက်စက် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် မစ်ရွမ်နေးလည်း ပါဝင်ခဲ့ပါတယ်။ 

အမေရိကန်သမ္မတ ထရမ့်ရဲ့ ဒေါ်လာ ၅.၇ ဘီလျံ ကုန်ကျမယ့် နယ်စပ်တံတိုင်း တည်ဆောက်ရေး ရန်ပုံငွေ တောင်းဆိုချက်ကို ဒီမိုကရက်တွေ ကန့်ကွက်ရာကနေ အမေရိကန် သမိုင်းမှာ အရှည်ကြာဆုံး အစိုးရလုပ်ငန်းရပ်ဆိုင်းမှု ဖြစ်ပေါ်နေတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

DVB

No comments:

Post a Comment