Friday, January 25, 2019

မာဒူရိုသည် ဗင်နီဇွဲလား၏ တရားဝင်သမ္မတဖြစ်ဟု ကာကွယ်ရေးဝန်ကြီး ပြော


နီကိုးလပ်စ်မာဒူရိုဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ တရားဝင်သမ္မတ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ဇန်နဝါရီ ၂၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။ 
“ဗင်နီဇွဲလားနိုင်ငံရဲ့ ဒီမိုကရေစီ၊ ဖွဲ့စည်းပုံနဲ့ တရားဝင်သမ္မတ နီကိုးလပ်စ်မာဒူရိုကို ဆန့်ကျင်ပြီး အာဏာသိမ်းနေကြတယ်လို့ ပြည်သူတွေကို ကျနော် သတိပေးလိုပါတယ်” ဆိုပြီး ကာကွယ်ရေးဝန်ကြီး ဗလာဒီမီပတ်ဒရီနိုက ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ကမ္ဘာ့အရန်ရေနံစိမ်း အများဆုံးရှိတဲ့ ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်နဲ့ တခြားအစိုးရတွေက စီးပွားရေးစစ် ဆင်နွှဲနေတယ်လို့လည်း ကာကွယ်ရေးဝန်ကြီး ပတ်ဒရီနိုက ပြောပါတယ်။ 

အလားတူ မက္ကဆီကို အစိုးရကလည်း မာဒူရိုအစိုးရကို ဆက်လက် အသိမှတ်ပြုသွားမယ်လို့ ကြေညာခဲ့ပါတယ်။

DVB

No comments:

Post a Comment