Wednesday, January 23, 2019

ပင်လည်ဘူးမြို.နယ်၊ ကောလင်း-ပင်လည်ဘူးသွားကားလမ်း၊ ဒေါ်စီပျိုးဥယျာဉ်စခန်းရှေ့မှ တရားမဝင် သစ်များ ဖမ်းဆီးရမိ


ပင်လည်ဘူးမြို.နယ်၊ ကောလင်း-ပင်လည်ဘူးသွားကားလမ်း၊ ဒေါ်စီပျိုးဥယျာဉ်စခန်းရှေ့မှ တရားမဝင် သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ 
ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်း အဖွဲ့သည် ပင်လည်ဘူးမြို့နယ်၊ ကောလင်း-ပင်လည်ဘူး သွားကားလမ်း၊ ဒေါ်စီပျိုးဥယျာဉ်စခန်းရှေ့ရှိ ယာဉ်အမှတ်၊ 3K/9034 (SG/R-4235)Nissan Diesel ခေါင်းစိမ်းဘော်ဒီအပြာ(၁၀)ဘီး ယာဉ်(၁)စီးပေါ်မှ တရားမဝင် တမလန်း/ကျွန်း/သစ်ယာ ခွဲသား/ဓါးရွေ စုစုပေါင်း (၄၂၀)တုံး/ချောင်း (၁၁.၀၃၄၂)တန်၊ တရားခံ(၁)ဦး ဖမ်းဆီး ရမိခဲ့ပြီး၊ တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင် ရေး မြေလင်း ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 

Credit - သစ်တောဦးစီးဌာန 
The Ladies News

0 comments:

Post a Comment