မောင်တောမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၄၀၅၅ ပြား သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မောင်တောမြို့နယ် နယ်မြေ(၅) ကြက်ရိုးပြင်ကျေးရွာရှိ လူနေထိုင်ခြင်း မရှိသည့် ဂူရာဆာန်(၅၈)နှစ်၏ နေအိမ်သို့ မူးယစ်ဆေးဝါးသတင်းအရ ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဝင်ရောက်ရှာဖွေရာ ဆာလာအိတ်နှစ် အိတ်ဖြင့် ထည့်ထားသည့် WY/R စိတ်ကြွရူးသွပ်ဆေးပြား ၁၉၄၈၀၅ ပြား(၁ ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ငွေကျပ်ကျပ် ၃၈၉၆၁၀၀၀၀ တန်ဖိုး) ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သဖြင့် ငါးခူရ နယ်မြေ ရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိပြီး ကွင်းဆက် ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီ ၂၂ ရက် နံနက် ၆ နာရီခန့်က မောင်တောမြို့နယ်၊ နယ်မြေ (၆) ပြင်ဖြူချောင်းဝ အနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရေယာဉ် နှစ်စင်းဖြင့် လှည့်ကင်း လုံခြုံရေးဆောင် ရွက်နေစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းသို့ ပလတ်စတစ်ပုံးဖြင့် ကူးခတ်နေသည့်အမျိုးသား တစ်ဦးကို တွေ့ရှိ၍ အချက်ပြခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ တစ်ဖက် နိုင်ငံ ရေပိုင်နက်အတွင်း ကူးခတ်ထွက်ပြေးသွားသဖြင့် ပလတ်စတစ်ပုံး တစ်ပုံးကို သိမ်းဆည်းရမိ၍ စစ်ဆေးရာ WY စိတ်ကြွရူးသွပ်ဆေးပြား ၂၉၂၅၀ (၁ ပြားလျှင် ငွေကျပ် ၂၀၀၀ ကျပ်နှုန်းဖြင့် ၅၈၅၀၀၀၀၀ တန်ဖိုး) ကို တွေ့ရှိသဖြင့် ပြင်ဖြူနယ်မြေရဲစခန်းက မူးယစ် ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် လျက်ရှိ ပြီး ကွင်းဆက်ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။
The Ladies News







0 comments:
Post a Comment