Sunday, January 27, 2019

တတိယအကြိမ်မြောက် မြန်မာ-ဂျပန်ချစ်ကြည်ရေး အထိမ်းအမှတ် ချယ်ရီပန်းပင်စိုက်ပျိုးပွဲတော် ကျင်းပ


တတိယအကြိမ်မြောက် မြန်မာ-ဂျပန်ချစ်ကြည်ရေးအထိမ်းအမှတ် ချယ်ရီပန်းပင်စိုက်ပျိုးပွဲတော်ကို ဇန်န၀ါရီ ၂၇ ရက်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးရှိ အမိမြန်မာပြည်ရုပ်တုခန်းမ၌ ကျင်းပခဲ့သည်။ 
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ၊ ဂျပန်-မြန်မာ ပါလီမန်ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ H.E. Mr. Ichiro Aisawa ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းတို့က အမှာစကား ပြောကြားခဲ့သည်။ 

အဆိုပါ ချယ်ရီပန်းပင်စိုက်ပျိုးပွဲတော်ကို မြန်မာ-ဂျပန်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးတို့အတွက် ရည်ရွယ်၍ ရန်ကုန်မြို့၏ အဓိကနေရာများဖြစ်သော တိုင်းဒေသကြီး လွှတ်တော်ဝန်းရှိ မြက်ခင်းပြင်တွင် အပင်(၁၂၀) ၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်တွင် အပင်(၁၄၀) ၊ မဟာဗန္ဓုလပန်းခြံတွင် အပင်(၅)ပင် ၊ အပင်အစားထိုးရန်(အရန်)အတွက် အပင်(၃၅)ပင် ၊ စုစုပေါင်းအပင်(၃၀၀)ကို စိုက်ပျိုးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့ကသတင်းထုတ်ပြန်သည်။ 

ယင်းချယ်ရီပန်းပင်စိုက်ပျိုးပွဲတော်သို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဂျပန်-မြန်မာ ပါလီမန်ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့် ဂျပန်သံရုံးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ 


The Ladies News

No comments:

Post a Comment