Saturday, January 5, 2019

ရွှေဈေးတည်ငြိမ်ရန် အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းပေးရန်လိုဟု ရွှေအသင်းဆို


ပြည်တွင်းရွှေဈေး တည်ငြိမ်မှုရှိစေရန် ဗဟိုဘဏ်က ဒေါ်လာလဲနှုန်း သတ်မှတ်ချက်ကို ရွှေဈေးကဲ့သို့ နေ့စဉ် အဖွင့်၊ အပိတ် ဈေးနှုန်းများဖြင့် တစ်ပြေးညီ ညှိနှိုင်းပေးရန်လိုအပ်ကြောင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။ 
“ရွှေဈေးက ကမ္ဘာ့ဒေါ်လာဈေးကျသွားရင်တောင် ဗဟိုဘဏ်ဒေါ်လာပေါက်ဈေးက ချက်ချင်းပြန်မကျဘဲ မြင့်နေပြီး နောက်ရက်လောက်မှ ပြန်ကျတဲ့အတွက် လိုက်ပြီးချလို့မရတာမျိုးတွေ ရှိတယ်။ ဗဟိုဘဏ်ကလည်း ရွှေဈေးလိုပဲ လက်ရှိ ဒေါ်လာပေါက်ဈေးကို အချိန်ပြည့်မဟုတ်တောင် တစ်ရက်နှစ်ကြိမ်လောက် သတ်မှတ်ပေးမယ်ဆိုရင် ရွှေအရောင်းအဝယ်က တော်တော်ကြီးကို ကောင်းလာမှာပါ။”ဟု ၎င်းက ရှင်းပြသည်။ 

လက်ရှိတွင် ရွှေဈေးအဖွင့်၊ အပိတ်ဈေးနှုန်းများကို အချိန်နှင့်တစ်ပြေးညီ သတ်မှတ်ပြီး အရောင်းအဝယ်ပြုလုပ်ရာတွင် ဗဟိုဘဏ်ကဖွင့်သည့် ဒေါ်လာလဲနှုန်း၊ ကမ္ဘာ့ရွှေဈေး၊ ဈေးကွက်အတွင်း ရောင်းလိုအား၊ ဝယ်လိုအားပေါ်တွင်မူတည်ကာ သတ်မှတ်ထားခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်ထံမှ သိရသည်။

The Voice

No comments:

Post a Comment