မြန်မာ့မီးရထားတွင် လုပ်သားဦးရေ ၃,၀၀၀ ကျော်ကို စိစစ်ခန့်ထားရန် ပြည်ထောင်စု အစိုးရအဖွဲ့က ခွင့်ပြုခဲ့ကြောင်း မြန်မာ့မီးရထား တာဝန်ရှိသူတစ် ဦးက ပြောသည်။
၂၀၁၈ နှစ်ကုန်က ယင်းလုပ် သားများ ခန့်ထားခွင့်ပြုရန် တင်ပြ တောင်းခံထားမှုနှင့် ပတ်သက်၍ အမှန်တကယ်လိုအပ်သည့် အင် အားသာ စိစစ်ခန့်ထားရန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်ဟူ၍ ပြည်ထောင်စုအစိုးရက ဇန်နဝါရီ ၂၅ ရက်နေ့စွဲပါစာဖြင့် အကြောင်းပြန်ခဲ့သည်။
မြန်မာ့မီးရထားက ခန့်ထားရန် တင်ပြသည့် လုပ်သားဦးရေ သည် ၃,၀၈၀ ဦးဖြစ်ပြီး မရှိမဖြစ် လိုအပ်သော လစ်လပ်နေသည့် နေရာများတွင် ခန့်ထားရန်ဖြစ် သည်ဟု အထက်ပါ တာဝန်ရှိသူ က ဆိုသည်။
‘‘ဌာနခွဲအသီးသီးကနေ လိုအပ်နေတဲ့ ဝန်ထမ်းနေရာတွေကို ဖြည့်ဖို့ တောင်းထားကြတာတွေ ရှိပါတယ်။ ပုံမှန်တင်ပြတောင်းခံ လေ့ရှိတဲ့ လုပ်ငန်းစဉ်ပါပဲ။ ဒီတစ် ကြိမ်ကတော့ အရေအတွက် ပိုများတာပေါ့’’ဟု ၎င်းက ပြော သည်။
ထိုသို့ မြန်မာ့မီးရထားက ဝန်ထမ်းခန့်ခွင့် တင်ပြချက်ကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက အကြောင်းပြန်သည့်စာသည် ဇန်နဝါရီ ၂၆ ရက်တွင် ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ပျံ့နှံ့ခဲ့သည်။
7Day
No comments:
Post a Comment