မြန်မာ့သိုင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေး တပ်မ တော်က ဆောင်ရွက်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦး စီးချုပ်နှင့် မြန်မာ့သိုင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများသည် ပထမအ ကြိမ်အဖြစ် ဇန်နဝါရီ ၂၆ ရက် တွင် နေပြည်တော်ရှိ ဇေယျာသီရိ တပ်မတော်အားကစားကွင်း(ဘီ) ရုံ၌ တွေ့ဆုံစဉ် ယင်းသို့ထည့် သွင်းပြောကြားကြောင်း တပ်မ တော်က သတင်းထုတ်ပြန်သည်။
‘‘မြန်မာ့သိုင်းပညာရပ်များ အား လူငယ်များတတ်ကျွမ်းမှုမှ တစ်ဆင့် နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်များကို ဖြစ်ပေါ်စေနိုင် ကြောင်း၊ မြန်မာ့သိုင်းပညာများ အား သရုပ်ပြရုံသက်သက်မဟုတ် ဘဲ အမှန်တကယ်တတ်ကျွမ်းပြီး အသုံးချနိုင်ရန်နှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အား ကစားနည်းတစ်ရပ်အနေဖြင့် ပါ ဝင်ယှဉ်ပြိုင်ဆောင်ရွက်နိုင်ရန်အ ထိ အားလုံးက ရည်မှန်းချက်ထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း’’ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောကြားသည်။
တပ်မတော်တွင် မြန်မာ့ သိုင်းပညာကို ၂၀၁၅ က စတင်၍ လေ့ကျင့် ဆောင်ရွက်စေပြီး ၂၀၁၇ တွင် တပ်မတော်၏အဓိက ကိုယ်လုံပညာရပ်အဖြစ် သတ် မှတ်ပေးခဲ့ကြောင်းနှင့် မြန်မာ့ သိုင်းပညာဖွံ့ဖြိုးတိုးတက်ရေး အ ဖွဲ့ချုပ်နှင့် ဆက်လက်ပူးပေါင်း အားပေးဆောင်ရွက်မည်ဖြစ် ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ပြောကြားသည်။
၂၀၁၈-၁၉ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲတွင် မြန်မာ့သိုင်းပြိုင်ပွဲကို အားကစားနည်းတစ်ရပ်အဖြစ် ထည့်သွင်းယှဉ်ပြိုင်စေခဲ့ပြီး ဇန်န ဝါရီ ၂၆ ရက်တွင် ဗိုလ်လုပွဲနှင့် ဆု ချီးမြှင့်အခမ်းအနားများကျင်းပခဲ့ ရာ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်တက်ရောက်ခဲ့သည်။
ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မ တော်အားကစားနှင့် ကာယပညာ အုပ်ချုပ်ရေးအဖွဲ့နှင့် အားကစား ကော်မတီများမှ ဥက္ကဋ္ဌများ၊ အ တွင်းရေးမှူးများနှင့် တွေ့ဆုံခဲ့သည်။
7Day
No comments:
Post a Comment