Wednesday, January 23, 2019

မြေကွက်စီမံကိန်းများ၊ အိမ်ရာ စီမံကိန်းများ ဖော်ဆောင်ရန် နေပြည်တော်စည်ပင် စီစဉ်နေ အမှန်တကယ်နေထိုင်မည့် မိသားစုများ၊ အမှန်တကယ်နစ်နာပြီး အခက်အခဲရှိသော မိသားစုများကို ဦးစားပေးနေရာချထားမည်


နေပြည်တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် မြေကွက် စီမံကိန်းများ ၊ အိမ်ရာစီမံကိန်းများ ဖော်ဆောင် ရန် စီစဉ်လျက်ရှိပြီး အမှန်တကယ်နေထိုင်မည့် မိသားစုများ အမှန်တကယ် နစ်နာပြီး အခက်အခဲရှိသော မိသားစုများကို ဦးစားပေး နေရာချထားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက ဇန်န၀ါရီ ၂၃ ရက်တွင်ပြောကြားခဲ့သည်။ 
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်းက လယ်ယာမြေထောက်ပံ့ကြေး နည်းပါးစွာ ရရှိခဲ့သူများ အတွက် တန်ဖိုးနည်းအိမ်ရာမြေကွက်များ ဖော်ထုတ်ရောင်းချပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့မှုအား ပြန်လည်ဖြေကြားရာတွင်ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ 

နေပြည်တော်ကို မြို့တော်အဖြစ် စတင်တည်ဆောက်ချိန်က တည်ဆောက်ရေး ဧရိယာနှင့် ကင်းလွတ်မှုမရှိသော ကျေးရွာများမှ အိမ်ထောင်စုများကို အဆောက်အဦ လျော်ကြေးများ၊ ပြောင်းရွှေ့စရိတ် ပေးလျော်မှုများဖြင့် မြို့ကွက်သစ်၊ ရပ်ကွက်သစ်များ ဖော်ထုတ်ပြီး ပြောင်းရွှေ့နေရာချထားပေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ လယ်ယာမြေဥပဒေ ၂၀၁၂ ခုနှစ် ထုတ်ပြန်ပြီး နောက်ပိုင်း တွင် သက်ဆိုင်ရာမြေယာနှင့် သီးနှံလျော်ကြေးတွက်ချက် ပေးရေးအဖွဲ့များနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့၏ အဆိုပါဥပဒေနှင့်အညီ တွက်ချက်ပေးသည့်အတိုင်း ပေးလျော်မှုများ ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်ဟုလည်း ဦးညီထွန်းကပြောကြားခဲ့သည်။ 

Photo - တန်ဖိုးနည်းအိမ်ရာတစ်ခုအားတွေ့ရစဉ် 
The Ladies News

0 comments:

Post a Comment