Wednesday, January 23, 2019

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဟွမ်မိုင်ဒိုကို ကြားဖြတ်သမ္မတအဖြစ် ထရမ့် အသိအမှတ်ပြု


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဟွမ်မိုင်ဒိုကို ကြားဖြတ်သမ္မတအဖြစ် ဇန်နဝါရီ ၂၃ ရက်နေ့မှာ အသိအမှတ် ပြုလိုက်ပါတယ်။ 
သတင်းထုတ်ပြန်ချက်မှာ သမ္မတ ထရမ့်က ဗင်နီဇွဲလား ဒီမိုကရေစီ ရရှိရေးအတွက် ဖိအားပေးတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးနဲ့ သံတမန်အာဏာကို အပြည့်အဝ အသုံးချမယ်လို့ ပြောကြားပြီး မိုင်ဒိုကို အသိအမှတ်ပြုကြဖို့ အနောက်ကမ္ဘာခြမ်းက တခြားအစိုးရတွေကိုလည်း တိုက်တွန်းခဲ့ပါတယ်။ 

အလားတူ ကိုလံဘီယာနဲ့ ဘရာဇီးသမ္မတ၊ ပီရူး ဒုသမ္မတနဲ့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးတို့ကလည်း ဗင်နီဇွဲလား အတိုက်အခံတွေ ကြီးစိုးရာ ကွန်ဂရက် အကြီးအကဲ ဟွမ်မိုင်ဒိုကို သမ္မတအဖြစ် အသိအမှတ်ပြုတယ်လို့ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်ဖိုရမ်ကနေ ကြေညာခဲ့ပါတယ်။ 

ဇန်နဝါရီ ၂၃ ရက်နေ့က သိန်းနဲ့ချီတဲ့ ဗင်နီဇွဲလားပြည်သူတွေ လမ်းပေါ်ထွက်ပြီး သမ္မတ မာဒူရို ရာထူးကနေ ဆင်းပေးဖို့ တောင်းဆို ဆန္ဒပြချိန်မှာပဲ အတိုက်အခံခေါင်းဆောင် ဟွမ်မိုင်ဒိုက သူ့ကိုယ်သူ ကြားဖြတ်သမ္မတအဖြစ် ကြေညာခဲ့တာဖြစ်ပါတယ်။

DVB

0 comments:

Post a Comment