Wednesday, January 23, 2019

ခရီးသွားမြှင့်တင်​ရေးအတွက် ရှမ်းရိုးမဆင်​စခန်းကို အဆင့်မြှင့်ပြုပြင်​ထိန်းသိမ်းသွားမည်


ရှမ်းပြည်​နယ်​မှာ ခရီးသွားမြင့်တင်​ဖို့ က​လောမြို့နယ်​ နမ့်ပန်​တက်​​ကျေးရွာအုပ်​စု ရှမ်းရိုးမဆင်​စခန်းကို အဆင့်မြှင့်သွားမယ်​လို့ သိရပါတယ်​။ 
ရှမ်းရိုးမဆင်စခန်းဟာ ​​​ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်​က ဒုသမ္မတ ဦးဟင်​နရီဗန်​ထီးယူ လာ​ရောက်​ကြည့်ရှုပြီး လမ်း၊ အများသုံး အိမ်​သာ စသဖြင့် အစိုးရဘတ်​ဂျက်​နဲ့ ​ဆောက်​လုပ်​ပြီး လုပ်​ငန်းပြီးစီးမှုကို ရှမ်းပြည်​နယ်​ အစိုးရအဖွဲ့ဝင်​ ဦးစိုးညွန့်​လွင် သွား​ရောက်​စစ်​​ဆေးခဲ့ပါတယ်​။ 

အဓိက ​ဒေသခံလုထုအတွက်​ ဝင်​​ငွေတဖက်​တလမ်းရရှိဖို့နဲ့ ခရီးသွား​တွေ အနားယူ အပန်း​ဖြေနိုင်​မယ့်​​နေရာတခု ဖန်​တီး​ပေးမယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံဟာ ​​သစ်​ထုတ်​လုပ်​မှု နည်းပါးလာတဲ့အတွက်​ အလုပ်​နည်းလာတဲ့ဆင်​​တွေကို လူ​တွေအပန်း​ဖြေနိုင်​မယ့် ခရီးသွားလုပ်​ငန်း​တွေမှာ အသုံးပြုလာကြတာဖြစ်​ပါတယ်​။ 

ရှမ်းရိုးမဆင်​စခန်းဟာ ရှမ်းပြည်​နယ်​ က​လော​တောင်​​ခြေမှာရှိပြီး ဆင်​စခန်းအပြင်​ ​ချောင်း​ရေ​တွေ၊ ဆင်​စခန်းနဲ့ (၁) မိုင်​​ကျော်​မှာ ​ရေတံခွန်​လည်း ရှိပါတယ်​။ 

ဆင်​စခန်းကို အလည်​ပတ်​လာမယ်​ဆိုရင်​ ပြည်​တွင်းခရီးသည်​အတွက်​ ဝင်​​ကြေး၊ ယာဉ်​ရပ်​နားခ၊ ဆင်​စီးခ​တွေအတွက်​ တဦးကို ၅၀၀၀ ကျပ်​​ကောက်​ခံပြီး ပြည်​ပခရီးသွား​တွေ အတွက်​ ၂၀၀၀၀ ကျပ်​​ ကောက်​ခံတယ်​လို့ သိရပါတယ်​။ 

ရှမ်းရိုးမဆင်​စခန်းဟာ မိုးတွင်း​လေးလတာကာလမှာ ​ရေကြီးမှု​ကြောင့် ပိတ်​ထားပြီး ကျန်​ကာလမှာ အမြဲဖွင့်လှစ်​လည်​ပတ်​လို့ ရပါတယ်​။ 

ရှမ်းပြည်​နယ်​ ဌာနဆိုင်​ရာပိုင်​ ရှမ်းရိုးမဆင်​စခန်းနဲ့ ပုဂ္ဂလိကပိုင်​ မ​ကွေဆင်​စခန်းဆိုပြီး နှစ်​ခုရှိပါတယ်​။ 

ရှမ်းရိုးမဆင်​စခန်းဟာ ၂၀၁၈ ​ဖေ​ဖော်​ဝါရီလက စတင်​တည်​​ထောင်​ပြီး ဆင်​အမြွာနှစ်​​ကောင်​နဲ့ ​မိခင်​ ၁ ​​ကောင်​နဲ့ စီးဖို့ဆင်​ ၅ ​ကောင်​ရှိ​ကြောင်း သိရပါတယ်​။ 

ခွန်​ရာဇာ
DVB

0 comments:

Post a Comment