မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြစ်ဖျားကျေးရွာက တောင်သူ ၁၆ ဦးကို အကျိုးဖျက်ဆီးမှုနဲ့ ပခုက္ကူမြို့နယ်တရားရုံးက ဇန်နဝါရီ ၂၃ ရက်က ထောင်ဒဏ် ပြစ်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။
ယာမြေထဲမှာကျူးကျော် ဆောက်ထားတဲ့ အဆောက်အဦတခုကို ယာမြေပိုင်ရှင်ကနေ ဖျက်ဆီးပြီး စိုက်ပျိုးရေးလုပ်ဖို့စီစဉ်ခဲ့တဲ့အတွက် ယာပိုင်ရှင်အပါအဝင် အဆောက်အဦကို ကူညီဖျက်ပေးခဲ့တဲ့ ဒေသခံ တောင်သူ ၁၆ ဦး တရားစွဲခံထားရတဲ့ အမှုဖြစ်ပါတယ်။
ဒီအမှုမှာ တောင်သူ ၁၃ ဦးကို ထောင်ဒဏ် ၃ လစီ ချမှတ်ခဲ့ပြီး အသက် ၆၀ ကျော် အမျိုးသား ၃ ဦးကိုတော့ ထောင်ဒဏ်တလစီချမှတ်ခဲ့တာပါ။
DVB

No comments:
Post a Comment