ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးတင်မြင့် ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ခန့်အပ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ယမန်နေ့(ဇန်န၀ါရီ ၂ ရက်)တွင် ထုတ်ပြန်ကြေညာသည်။
အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့ပြီးနောက် ယင်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်ဦးတင် မြင့်ကို ဒုဝန်ကြီးအဖြစ်ခန့်အပ်ခဲ့ ခြင်းဖြစ်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဦးမင်းသူသည် စစ်တက္ကသိုလ်အမှတ်စဉ်(၂၀)ဆင်းဖြစ်ပြီး ဒုဝန်ကြီးဖြစ်လာသူသည် စစ်တက္က၏ သိုလ်အမှတ်စဉ်(၂၂)ဆင်းဖြစ်သည်။
လက်ရှိတွင် ၀န်ကြီးဌာန ၂၅ ခု၌ ဒုတိယ၀န်ကြီး ၁၉ ဦးခန့်အပ်ထားပြီး ဦးတင်မြင့်သည် ၂၀ ဦး မြောက်ဒုဝန်ကြီးဖြစ်သည်။
ဒုတိယ၀န်ကြီးမရှိသည့် ၀န် ကြီးဌာနများသည် နိုင်ငံခြားရေး၊ သမ္မတရုံး၊ အလုပ်သမား၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အား၊ စက်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး၊ ဟိုတယ်နှင့်ခရီးသွားလာရေး၊ အ ပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးတို့ဖြစ်သည်။
7Day

No comments:
Post a Comment