Wednesday, January 2, 2019

ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို အကျဉ်းထောင်တွင်း လျှော့ရက်များ အကုန်ပေးထားဟု အင်းစိန်ထောင်မှူးပြော


ဒုရဲမှူးဟောင်း မိုးရန်နိုင် ကို အချိန်ဆွဲထားခြင်းမရှိဘဲသတ် မှတ်ထားသည့် စည်းမျဉ်းစည်း ကမ်းအရ အကျဉ်းထောင်လျှော့ ရက်များ အကုန်ပေးထားကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင် ထောင်မှူး ဦးဇော်ဇော်က ပြောသည်။ 
‘‘သူ့လွတ်ရက်ကတော့ ဒီနေ့ က ကျွန်တော်တို့ သတ်မှတ်တဲ့ ရက် မဟုတ်ဘူးပေါ့။ ကာယကံ ရှင်တွေကတော့ လွတ်ချင်တာ ပေါ့ဗျာ။ သတ်မှတ်တဲ့စည်းမျဉ်း စည်းကမ်းအရ လျှော့ရက်တွေကို အကုန်ပေးထားတာပေါ့။ တ ကယ်လွတ်မှာတော့ နှစ်လပိုင်းမှ လွတ်မှာပေါ့။ သူတို့က အမှတ် မှားတာလည်း ဖြစ်မှာပါ။ မိသားစု ဆိုတော့ လွတ်ချင်မှာပေါ့ဗျာ’’ ဟု ဦးဇော်ဇော်က 7Day Daily သတင်းစာအား ပြောကြားသည်။ 

အကျဉ်းသားများအပေါ် လျှော့ရက်ပေးမှုကို အားလုံးတစ် ပြေးညီ သတ်မှတ်ထားပြီး ဒုရဲမှူး ဟောင်း မိုးရန်နိုင်မလွတ်မြောက် သေးသည့်အပေါ် ကိုယ်ချင်းစာ ကြောင်း ၎င်းကဆက်လက်ပြော သည်။ 

ရိုက်တာသတင်းထောက် နှစ်ဦးကို ထောင်ဖမ်းခဲ့ကြောင်း ဖွင့်ချပြီး ရဲစည်းကမ်းထိန်းသိမ်း ရေးဥပဒေဖြင့် ထောင်ဒဏ်တစ် နှစ်ချမှတ်ခံရသော ဒုရဲမှူးဟောင်း မိုးရန်နိုင်သည် ဇန်နဝါရီ ၂ ရက် တွင် လွတ်မြောက်မည်ဟု ၎င်း၏ ဇနီးဒေါ်တူးတူးက မီဒီယာများ အား ပြောကြားသည်။ 

ထို့ကြောင့် ယမန်နေ့က ဒုရဲ မှူးဟောင်း မိုးရန်နိုင် မိသားစု ဝင်များက အင်းစိန်ထောင်ရှေ့သို့ သွားရောက်စောင့်ဆိုင်းခဲ့ပြီး သတင်းမီဒီယာအများအပြားက သတင်းယူရန် စောင့်ဆိုင်းခဲ့သည်။ သို့သော် ဒုရဲမှူးဟောင်း မိုးရန်နိုင်သည် လွတ်မြောက်လာခြင်းမရှိပေ။ လာမည့်ဖေဖော်ဝါရီလဆန်းမှသာ လွတ်မြောက်လာမည်ဟု ဦးဇော်ဇော်က ပြောသည်။ 

‘‘ဒီနေ့ လွတ်မယ်ဆိုတော့ မျှော်လင့်ပြီးတော့ လာတာပေါ့။ မလွတ်ဘူးဆိုတော့လည်း သူတို့ စာရင်းဇယားမှားတယ်ဆိုတော့ လည်း ဘယ်တတ်နိုင်မလဲ။ သူတို့ လွတ်တဲ့အထိ စောင့်ရမှာပေါ့။ ဘာမှမပြောချင်ပါဘူး။ ကျွန်မ ဝမ်းနည်းတာပဲ ရှိတယ်’’ ဟု ဒေါ်တူးတူးက ပြောသည်။ 

ထို့အပြင် နှစ်သစ်ကူးတွင် အကျဉ်းသားများ အထူးလျှော့ ရက်ဖြင့် လွှတ်ပေးမှုမရှိကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ဒုရဲမှူးဟောင်း မိုးရန်နိုင်သည် အမှတ် (၈) လုံခြုံရေးရဲတပ် ဖွဲ့မှ ရခိုင်ပြည်နယ်တွင် လုံခြုံရေး တာဝန်ထမ်းဆောင်ပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ လာပြီး ရိုက်တာသတင်းထောက် နှစ်ဦးနှင့် တွေ့ဆုံမှုကြောင့် ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်တွင် ဖမ်းဆီးခံရ သည်။ 

ထို့ကြောင့်၎င်းဖမ်းဆီးခံရမှုသည် ၂၀၁၈ ဒီဇင်ဘာ ၁၂ ရက်တွင် တစ်နှစ်ပြည့်ပြီဖြစ်သည်။ 

ထို့အပြင် တရားခွင်အတွင်း ရိုက်တာသတင်းထောက်နှစ်ဦးကို ရဲတပ်ဖွဲ့က ထောင်ချောက်ဆင် ဖမ်းဆီးသည်ဟု ဖွင့်ချမှုကြောင့် ရာထူးမှ ထုတ်ပယ်ခံရပြီး ရဲစည်း ကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၆ (ခ) ၂၂ ဖြင့် ၂၀၁၈ ဧပြီ ၂၇ ရက်က အလုပ်ကြမ်းနှင့် ထောင် ဒဏ် တစ်နှစ်ချမှတ်ခံရသည်။ ထို့ကြောင့် ဒုရဲမှူးဟောင်းသည် စတင်ဖမ်းဆီးခံရချိန်မှ ထောင် ဒဏ်ကျခံရသည်အထိ လေးလ ကျော် ချုပ်ရပ်များရှိသော်လည်း ထုတ်နုတ်ခံစားခွင့်ပြု၊ မပြုကို ရှင်းလင်းစွာ မသိရပေ။ ထောင် ဒဏ်ချမှတ်ခံရပြီးနောက် ၎င်း၏ မိသားစုသည် နေပြည်တော် ရဲ လိုင်းခန်းမှ ချက်ချင်းဖယ်ရှားခံရ သည်။ ယင်းသို့ သတင်းထောက် နှစ်ဦးကို ထောင်ဖမ်းခဲ့ကြောင်း ထွက်ဆိုသည့် ဒုရဲမှူးဟောင်း မိုး ရန်နိုင်အားပဲန် မြန်မာအဖွဲ့က လွတ်လပ်စွာရေးသား ထုတ်ဖော် ပြောဆိုခွင့်ကို ထူးချွန်စွာ ကာ ကွယ်ကျင့်သုံးသူဆု ဒီဇင်ဘာ ၂၂ ရက်က ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

7Day

No comments:

Post a Comment