တရားလွှတ်တော်ရှေ့နေဦးကိုနီ ရန်ကုန်လေဆိပ်တွင် လုပ်ကြံခံရမှုနှင့်ပတ်သက်၍ သေနတ်သမား ကြည်လင်းအပါ ၄ဦးကို ယနေ့ ( ဇန်န၀ါရီလ ၃ရက်) တွင် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ မြောက်ပိုင်းခရိုင်တရားရုံးတွင် ၉၈ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။
ယခုရုံးချိန်းတွင် တရားခံပြသက်သေ ၃ဦးစစ်ဆေးရန်တင်သွင်းထားသော်လည်း သက်သေ ၃ဦးလုံးလာရောက်ခြင်းမရှိသဖြင့်စစ်ဆေးနိုင်ခြင်းမရှိခဲ့ကြောင်းနှင့် ဆက်လက်စစ်ဆေးရန်တရားခံပြသက်သေ ၇ဦးကျန်ရှိနေသေးကြောင်းသိရသည်။
ဓာတ်ပုံ - ကျော်ဇင်သန်း
7Day









No comments:
Post a Comment