ထားဝယ်မြို့နယ်၌ ပြုလုပ်မည့် (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲတွင် ပထမဆုံးဘဲဖမ်း ပြိုင်ပွဲကျင်းပရန် စီစဉ်ထားသည်။
ယင်းပြိုင်ပွဲကို ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် ကမ်းနားလမ်းရှိ ပြည်သူ့ရင်ပြင်၌ ညနေ ၄ နာရီကစ၍ လူငယ်များ၏ လန်းဆန်းတက်ကြွသည့် ပုံရိပ် ကောင်းတစ်ခု ဖော်ကျူးလိုသော ရည်ရွယ်ချက်ဖြင့် ထားဝယ်လူထု (အလင်းရောင်ကွန်ရက်) အဖွဲ့က ဦးဆောင်ကျင်းပမည်ဖြစ်သည်။
‘‘တစ်ပွဲနဲ့တစ်ပွဲ ပြိုင်ပွဲဝင် တွေရဲ့ ပုံစံတွေ၊ လှုပ်ရှားမှုတွေ ကြောင့် ကြည့်ရှုမယ့် ပရိသတ်အတွက်လည်း မရိုးနိုင်တဲ့ပွဲလေး လည်း ဖြစ်တာကြောင့် ဒီဘဲဖမ်းပွဲ လေးကို ရွေးချယ်ဖြစ်ခဲ့တာပေါ့’’ ဟု ထားဝယ်လူထု (အလင်းရောင် ကွန်ရက်) အဖွဲ့ဝင် ကိုဇေယျာမင်း က ရှင်းပြသည်။
ပြိုင်ပွဲတွင် အသက် (၁၄) နှစ်နှင့် အထက် လူငယ်အမျိုး သား၊ အမျိုးသမီးများ ပါဝင်နိုင်ပြီး တစ်ကြိမ်လျှင် ပြိုင်ပွဲဝင်ခုနစ်ဦး ခွင့်ပြုမည်ဖြစ်သည်။
ကစားနည်းမှာ ပြိုင်ပွဲဝင် ခုနစ်ဦးကို မျက်စိမမြင်စေရန် မျက်နှာတွင် အဝတ်စဖြင့် စည်း ထားပြီး သတ်မှတ်ထားသော ဧရိ ယာအတွင်းရှိ ဘဲတစ်ကောင်ကို ၁၅ မိနစ်အတွင်း ဖမ်းမိသူအား ဆု ငွေကျပ်တစ်သောင်း ချီးမြှင့်မည် ဖြစ်သည်။ ဘဲမဖမ်းမိသည့် ပြိုင်ပွဲ ဝင်များကိုလည်း မျက်နှာသုတ် ပဝါတစ်ထည်နှင့် ဆပ်ပြာတစ်တုံး ချီးမြှင့်မည်ဖြစ်ကြောင်း ကိုဇေ ယျာမင်းက ပြောသည်။
7Day
No comments:
Post a Comment