Thursday, January 31, 2019

ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်ထုထားရှိမည့်ကိစ္စ ကန့်ကွက်မှု လွိုင်ကော်မှာ ဖြစ်ပြန်


လွိုင်ကော်မြို့ "ကန္ဒာဟေဝန်"ပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်ထု ထားရှိဖို့ကို ကန့်ကွက်မှုဟာ ဒီကနေ့မှာ ပြန်လည်ဖြစ်ပွားနေပါတယ်။ 
ပြည်နယ်အစိုးရ၀န်ကြီးချုပ်နဲ့ ပြည်နယ်လူငယ်တွေအကြား သဘောတူညီချက်တွေ ချမှတ်ထားခဲ့ပြီး တည်ငြိမ်သွားခဲ့တဲ့ အဆိုပါ ပြဿနာဟာ ဒီကနေ့မှာ ပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 

ယမန်နေ့က အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်ထုကို သယ်ဆောင်လာကြစဉ် ဒေသခံလူငယ်တွေက သွားရောက်တားမြစ်ခဲ့ပါသေးတယ်။ ဒီကနေ့ ညနေ ၃နာရီမှာ အသင့်ပြုလုပ်ထားတဲ့ အုတ်ခုံထက် မြင်းစီးရုပ်ထုတည်မယ်ဆိုတဲ့သတင်းတွေလည်းပျံ့နှံ့နေတာကြောင့် ကန့်ကွက်သူလူငယ်အချို့က အထက်ပါဖြစ်စဉ်ကို လာရောက်ကန့်ကွက်နေကြတာလို့ သိရပါတယ်။ 

ဒီကနေ့ အခြေအနေကတော့ လွိုင်ကော်မြို့ "ကန္ဒာဟေဝန်"ပန်းခြံအတွင်းမှာ ကရိန်းကားတစ်စီးနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေရှိနေပြီး ပန်းခြံအတွင်း/အပြင်မှာတော့ ကန့်ကွက်သူ ဒေသခံလူငယ်အချို့ရှိနေပါတယ်။ 

လက်ရှိမှာ ပန်းခြံထဲက ကရိန်းကားကို ပန်းခြံအပြင်ထုတ်ပေးဖို့ လူငယ်တွေကတောင်းဆိုနေပါတယ်။ 





Photo - UKSY
Popular News Journal 

No comments:

Post a Comment