"ပြင်ဖို့သဘောတူပြီးသား အခြေခံမပြင်ဘူးလို့ တခါမှ မပြောခဲ့ဖူးဘူး။ ဟိုးနှစ်ပေါင်းများစွာကတည်းက ပြောခဲ့တယ်။ ပထမအကြိမ်အစိုးကတည်းက ပြောခဲ့တယ်။ သို့သော် စနစ်တကျပြင်ဖို့ပဲ လိုတယ်။ ကျန်တာတော့ ဘာမှမပြောဘူး ပြင်သင့်ပြင်ထိုက်အချိန်မှာ ပြင်ဖို့ရှိပါတယ်"ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ယနေ့ (ဇန်န၀ါရီ ၃၁ရက်)က မိတ္ထီလာလွင်ပြင်ဒေသ(မုန်တိုင်)တွင် တပ်မတော် ကြည်း၊ လေအမြှောက်နှင့် သံချပ်ကာတပ်ဖွဲ့များ ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ရေး(ဘုရင့်နောင်) အခမ်းအနားအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်မှုနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
7Day


No comments:
Post a Comment