Wednesday, January 23, 2019

မန္တလေးမြို့ပေါ်ရှိ ဆင်တဲကျောင်းတိုက်မှ လောင်းကစားဒိုင်များကို သံဃနာယကအဖွဲ့ ဝင်ဖမ်း


မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အရှေ့ဆင်တဲကျောင်းတိုက်အတွင်းမှ လောင်းကစားဒိုင်များကို ယင်းမြို့နယ် သံဃနာယကအဖွဲ့က ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးခဲ့သည်။ 
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ လမ်းညွှန်မှုဖြင့် ချမ်းအေးသာစံမြို့နယ် သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် မြို့နယ်သံဃနာယကအဖွဲ့တို့ ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ယင်း မြို့နယ် သံဃနာယကအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးဓမ္မက မိန့်ကြားသည်။ 

“ဘုန်းကြီးကျောင်းထဲမှာ လောင်းကစားလုပ်နေတာက သံဃာတော်တွေရဲ့ ကိုယ်ကျင့်တရား ပျက်စေတယ်။ ဘုန်းကြီးတွေ ကိုယ်ကျင့်တရားပျက်မှ သူတို့ (လောင်းကစားဒိုင်) တွေက ကြာကြာနေလို့ရမှာပေါ့။ ဒါတွေကို တို့ကရှင်းချင်တာ”ဟု ဦးဓမ္မက ရှင်းပြသည်။ 

ဆင်တဲတိုက်အတွင်းရှိ တိုက်အုပ်ကျောင်းနှင့် ဓမ္မဂုဏ်ရည်ကျောင်းတို့မှ လောင်ကစားဒိုင်များကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ဘုန်ကြီးကျောင်းအတွင်း လောင်ကစားဒိုင်များကို ခွင့်မပြုရန် ကျောင်းထိုင်ဆရာတော်များကိုလည်း သုံးကြိမ်တိုင် သတိပေးထားပြီးဖြစ်သော်လည်း မလိုက်နာသဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းလည်း ချမ်းအေးသာစံမြို့နယ် သံဃနာယကအဖွဲ့ထံမှ သိရသည်။ 

လက်ရှိတွင် လောင်းကစားဒိုင်များ ဖွင့်ခွင့်ပြုခဲ့သည့် ကျောင်းတိုက်များမှ ကျောင်းထိုင်ဆရာတော်နှစ်းပါကို လူဝတ်လဲစေ၍ သာသနာတော် ညိုးနွမ်းစေမှုဖြင့် အမှုဖွင့်မည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် သာသနာတော်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ဝင် ဆရာတော်များက မိန့်ဆိုသည်။ 


အဆိုပါကောင်းတိုက်များအတွင်းမှ ချဲထီ (နှစ်လုံး၊ သုံးလုံး) နှင့် ဘောလုံးလောင်းကစာရာတွင် သုံးသည့် ဆက်စပ်ပစ္စည်းများနှင့် လောင်းကြေးငွေ ကျပ်သိန်းနှစ်ရာခန့် ဖမ်ဆီးရမိခဲ့ပြီး လောင်းကစားဒိုင်များဖြစ်သည့် ဦးညီညီလွင်နှင့် ဒေါ်သဇင်ခိုင်တို့ကို (ပ) ၅၄/၂၀၁၉ လောင်းကစား ဥပဒေ ပုဒ်မ ၁၅/၁၆ ဖြင့် အမှုဖွင့်ထားကြောင်း ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် ၃ နယ်မြေရဲစခန်းထံမှ သိရသည်။

The Voice  


0 comments:

Post a Comment