Wednesday, January 23, 2019

နယူးယောက် မွတ်ဆလင်ရပ်ကွက်ကို ဗုံးထောင်ရန် ကြိုးစားသူ လူငယ်သုံးဦးနှင့် ဆယ်ကျော်သက်တစ်ဦးကို ထိန်းသိမ်း


နယူးယောက် ပြည်နယ်အတွင်းရှိ အစ္စလာမ်ဘာသာဝင်များ နေထိုင်ရာ ရပ်ကွက်ငယ်တစ်ခုကို ဗုံးခွဲရန်အတွက် ကြိုးစားခဲ့မှုဖြင့် အမျိုးသားငယ် သုံးဦးနှင့် ဆယ်ကျော်သက်တစ်ဦးတို့ကို ဖမ်းဆီးထားကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။ 
ပါကစ္စတန်ဘာသာရေးဆရာ တစ်ဦးက ၁၉၈၀ ပြည့်ကာလများအတွင်း တည်ထောင်ခဲ့သည့် အစ္စလာမ်ဘာ့ဂ်ဟု ခေါ်သောရပ်ရွာကို တိုက်ခိုက်ရန် စီစဉ်ခြင်းနှင့် လက်ဖြစ်အိမ်လုပ်ဗုံးများ၊ လက်နက်များ ပိုင်ဆိုင်မှုဖြင့် သံသယရှိသူများကို ဖမ်းဆီးထားခြင်းဖြစ်သည်။ 

ကျောင်းသားလေးတစ်ယောက်က သတင်းပေးရာမှသည် အဆိုပါတိုက်ခိုက်ရန် ပြင်ဆင်ထားမှုကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ 

အစ္စလာမ်ဘာ့ဂ်ရပ်ကွက်သည် မွတ်ဆလင် အစွန်းရောက်များကို လေ့ကျင့်ပေးနေကြောင်း ကောလာဟလများထွက်ပြီး အပုပ်ချခံရလေ့ရှိသည့်နေရာ ဖြစ်သည်။ 

လာမည့် ဗုဒ္ဓဟူးနေ့တွင် မွတ်ဆလင်များကို ပစ်မှတ်ထားတိုက်ခိုက်ရန် စီစဉ်မှုဖြင့် အမျိုးသားသုံးဦးကို တရားရုံးသို့ ခေါ်ထုတ်လာမည်ဖြစ်သည်။ 

တိုက်ခိုက်ရန် ပြင်ဆင်နေကြသူများမှာ အန်ဒရူးခရိုင်ဆယ် ၁၈ နှစ်၊ ဗင်းဆင့် ဗက်ထရိုမီလီ ၁၉ နှစ်နှင့် အသက် ၂၀အရွယ် ဘရိုင်ယန်ကိုလာနာရီတို့ ဖြစ်ကြသည်။ 

တိုက်ခိုက်ရန် ပြင်ဆင်မှုနှင့် လက်နက်ကိုင်ဆောင်မှုတို့ဖြင့် ၎င်းတို့ကို စွဲချက်တင်ထားပြီး အဖမ်းခံရသူများထဲတွင် အသက် ၁၆ နှစ်အရွယ် တစ်ဦးလည်းပါဝင်သည်။ 

အဆိုပါလူငယ်များသည် နယူးယောက်ပြည်နယ် အနောက်မြောက်ပိုင်း ဂရိမြို့တွင် နေထိုင်ကြပြီး ကရားကြီးများထဲတွင် သံမှိုများ၊ အခြားလွင့်စဉ်ထိရှနိုင်သော အရာများနှင့် တိပ်များကို အသုံးပြုကာ ဖောက်ခွဲရေးပစ္စည်း ပြုလုပ်နေခြင်းဖြစ်သည်ဟု ရဲက ဆိုသည်။ 

၁၆ နှစ်အရွယ် ကောင်လေး၏ အိမ်တွင် ၎င်းတို့ကို ဖမ်းမိခဲ့ပြီး စစ်ဆေးရာ နေရာပေါင်းစုံမှ သေနတ်မျိုးစုံ ၂၃ ခုကိုလည်း ရရှိခဲ့သည်။ 

၂၀၁၇ ခုနှစ်ကလည်း တန်နက်စီ နယ်သားတစ်ဦးက အဆိုပါ ဧရိယာအတွင်းရှိ ဗလီကို မီးရှို့ရန် ကြိုးစားမှုဖြင့် အဖမ်းခံခဲ့ရဖူးသည်။ 

The Voice  


0 comments:

Post a Comment