လူသားတွေနေထိုင်တဲ့ ကမ္ဘာဟာ မိနစ်တိုင်း၊ မိနစ်တိုင်းမှာ သူ့ရဲ့လေထုထဲမှ ဟိုက်ဒရိုဂျင် (၁၈၀)ကီလိုဂရမ်ကျော်ဆုံးရှုံးနေပြီး၊ ဒါဟာ တဖြည်းဖြည်းနဲ့ အင်္ဂါဂြိုဟ်ကဲ့သို့ ပုံစံပြောင်းသွားမဲ့ အနေအထားဖြစ်တယ်လို့ ဇန်န၀ါရီ (၆)ရက် dailystar စာမျက်နှာမှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ထဲမှာ သုံးသပ်ပြထားပါတယ်။
လေထုအလွှာထဲမှာရှိတဲ့ ဓာတ်ငွေ့တွေ အာကာသထဲကို ယိုစိမ့်ထွက်သွားတဲ့ ဖြစ်စဉ်ကို (Atmospheric Escape) လို့ခေါ်ပါတယ်။
ဒီဖြစ်စဉ်ဟာ စိုးရိမ်စရာကောင်းပြီး၊ ကမ္ဘာရဲ့လေထုဟာ အခုလိုမျိုးဆက်လက် ဆုံးရှုံးနေမယ်ဆိုရင် ကမ္ဘာဟာ ဂြိုဟ်နီကြီးလို့ လူသိများတဲ့ အင်္ဂါဂြိုဟ်ကဲ့သို့ ကန္တာရအတိပြီးတဲ့ ပုံစံမျိုးဖြစ်သွားလိမ့်မယ်လို့ ရူပနက္ခဗေဒပညာရှင် Anjali Tripathi ဆိုသူက ဆွေးနွေးပွဲတစ်ခုမှာ ရှင်းပြထားပါတယ်။
အခုလို ကမ္ဘာရဲ့လေထုထဲမှ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့တွေဆုံးရှုံးနေတယ်ဆိုတာကို အမေရိကန်အာကာသအေဂျင်စီ(နာဆာ)ရဲ့ Dynamics Explorer ယာဉ်က ခရမ်းလွန်ရောင်ခြည် သုံးပြီး ပုံဖမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
လေထုအလွှာထဲမှ ဓာတ်ငွေ့တွေဆုံးရှုံးနေတဲ့ဖြစ်စဉ်ဟာ ကမ္ဘာတစ်ခုထဲမှာ ဖြစ်နေတာမျိုးမဟုတ်ဘဲ၊ ဂြိုဟ်တွေအားလုံးမှာ ဖြစ်နေတယ်လို့ ယုံကြည်ရကြောင်းလည်း ပညာရှင်တွေက ပြောပါတယ်။
အရွယ်အစားအားဖြင့် အင်္ဂါဂြိုဟ်ဟာ ကမ္ဘာထက်သေးငယ်ြပီး သူ့ရဲ့ဒြပ်ဆွဲအားဟာလည်း ကမ္ဘာထက် လျော့နည်းပါတယ်။ဒါကြောင့် အင်္ဂါဂြိုဟ်ဟာ သူ့ရဲ့လေထုထဲက ဓာတ်ငွေ့တွေ မဆုံးရှုံးအောင် ဒြပ်ဆွဲအားနဲ့ ထိန်းချုပ်နိုင်စွမ်းဟာ ကမ္ဘာထက်လျော့နည်းပါတယ်။
ဒါကြောင့် အင်္ဂါဂြိုဟ်ရဲ့လေထုဟာ ကမ္ဘာထက်စောစွာ ပျက်စီးနှင့်နေတာဖြစ်ပါတယ်။
အတိတ်တစ်ချိန်က အင်္ဂါဂြိုဟ်ပေါ်မှာ ရေရှိခဲ့တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် အဲဒီရေဟာ ဟိုက်ဒရိုဂျင်နဲ့အောက်စီဂျင်အဖြစ် ဓာတ်ပြိုကွဲသွားခဲ့ပြီးနောက်၊ ဟိုက်ဒရိုဂျင်ဟာ အာကာသထဲကို ယိုစိမ့်ထွက်သွားပြီး၊ အောက်စီဂျင်ကတော့ ဂြိုဟ်ရဲ့မျက်နှာပြင်မှာ အနီရောင်သံချေး အဖြစ် ပုံစံပြောင်း သွားခဲ့တာဖြစ်ပါတယ်။ ။
Photos : dailystar
Translated by : Pyae Sone
One News Myanmar


No comments:
Post a Comment