Sunday, January 6, 2019

၂၀၁၈ ခု မန္တလေးတိုင်းအတွင်း လူအယောက် ၄၀ ကျော် ဓာတ်လိုက်သေဆုံး


မန္တလေးတိုင်းဒေသကြီးမှာ ၂၀၁၈ ခုနှစ်အတွင်း ဓာတ်လိုက်သေဆုံးသူ စုစုပေါင်း လူအယောက်​ ၄၀ ကျော် ရှိတယ်လို့ မန္တလေးလျှပ်စစ်ဓာတ်အား​ပေးရေးကော်ပိုရေးရှင်းက ပြောပါတယ်​။ 
၂၀၁၈ ခု ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ဓာတ်လိုက်မှု အကြိမ်ရေပေါင်း ၄၆ ကြိမ်အထိ ဖြစ်ပွားခဲ့ကာ သေဆုံးသူ အရပ်သား​ ၄၁ ဦး ဝန်ထမ်း ၁ ဦးအပါအ၀င် ၉ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။ 

“လျှပ်စစ်အန္တရာယ်နဲ့ပတ်သက်ပြီး အများပြည်သူတွေကို သတိပေးတာတွေ အမြဲလုပ်​ဖြစ်​တယ်​။ အဓိကကတော့ ပြည်သူတွေအနေနဲ့လည်း လျှပ်စစ်အန္တရာယ်ကိုသိပြီး နားလည်ရင် ဓာတ်လိုက်တာ လျော့သွားမယ်​လေ။ လျှပ်စစ်ပြတ်တောက်မှု တခုခုဖြစ်ရင် သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ကို အကြောင်းကြားပြီး ကျွမ်းကျင်သူတွေ လုပ်ပေးတာ အန္တရာယ်အကင်းဆုံးပါပဲ” လို့ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း တာဝန်ရှိသူ တဦးက ​ပြောပါတယ်​။ 

လျှပ်စစ်အန္တရာယ် ဖြစ်ပွားတာမှာ အိမ်တွင်းသုံးလျှပ်စစ်ပစ္စည်းတွေကြောင့် အများဆုံးဖြစ်ပြီး ၈၀ ရာခိုင်နှုန်းအထိ ရှိတယ်​လို့ ဆိုပါတယ်​။ 

၂၀၁၆ ခုနှစ်မှာ တနိုင်ငံလုံးအနေနဲ့ ဓာတ်လိုက်မှု​ပေါင်း ၂၁၁ ကြိမ်၊ သေဆုံးသူ ၁၈၆ ​​ယောက်၊​ ဒဏ်ရာရရှိသူ အ​ရောက်​ ၇၀ ရှိခဲ့ပါတယ်။ ​၂၀၁၇ ခုနှစ်မှာ​တော့ ဓာတ်လိုက်မှုပေါင်း ၁၉၉ မှု၊ သေဆုံးသူ ၁၇၂ ​ယောက်၊​ ဒဏ်ရာရရှိသူ ၅၃ ​ယောက်​ ရှိခဲ့ပါတယ်​။

DVB

No comments:

Post a Comment