အိန္ဒိယနိုင်ငံမြောက်ပိုင်း ဆရီနာဂါမြို့မှာ ဇန်န၀ါရီ ၅ ရက်နေ့က နှင်းထူထပ်စွာ ကျနေတာကြောင့် ယာဉ်အသွားအလာ ထိခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။
အပူချိန် ၁ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ကျဆင်းပြီး နှင်းထု ၁၀ လက်မအထိ ရှိတယ်လို့ ဒေသမီဒီယာတွေမှာ ဖော်ပြပါတယ်။
နှင်းကျတာက သစ်ပင်တွေနဲ့ သီးနှံတွေအတွက် ကောင်းပေမယ့် ယာဉ်အသွားအလာ ထိခိုက်တာမို့ ကတ်ရှ်မီးယားဒေသမှာ အခက်အခဲအများအပြား ဖြစ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
တချိန်တည်းမှာပဲ အရှေ့ပိုင်း ဘူဘန် နက်စ်ဝါ မြို့က တိရစ္ဆာန် ဥယျာဉ်မှာလည်း အေးမြလှတဲ့ ဆောင်းရာသီအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါတယ်။
တိရစ္ဆာန်တွေကို အအေးဒဏ်ကြောင့် ဖြစ်တဲ့ ရောဂါတွေ မရစေဖို့ တိရစ္ဆာန်ရုံအတွင်းမှာ ကောက်ရိုးတွေ၊ စောင်တွေ၊ သစ်သား ခုတင်တွေနဲ့အတူ အခန်းတွင်း အပူပေးကိရိယာတွေ နဲ့ မီးသီးတွေ တပ်ဆင်ထားတာကိုလည်း မြင်တွေ့ရပါတယ်။
DVB

No comments:
Post a Comment