Thursday, January 24, 2019

မစ္စယန်ဟီးလီ ဗရှန်ချာကျွန်းကို ဒီနေ့ရောက်မည်



ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီဟာ ဘင်္ဂါလီဒုက္ခသည်တွေပြောင်းရွှေ့နေထိုင်ဖို့ စီစဉ်နေတယ်ဆိုတဲ့ ဗရှန်ချာ(Bhashan Char)ကျွန်းကို ဒီနေ့ သွားရောက်လေ့လာမယ်လို့ သိရပါတယ်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်မှာရှိနေတဲ့ ဒုက္ခသည်တွေကို အဲဒီကျွန်းမှာထားဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ကျွန်းကို ၂၀၁၇ ခုနှစ်နှောင်းပိုင်းကတည်းက ပြင်ဆင်ပြုပြင်တာတွေလုပ်ခဲ့ပါတယ်။ 

မစ္စယန်ဟီးလီဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဆီကို ဇန်န၀ါရီ ၁၄ ရက်ကနေ ၂၄ ရက်အတွင်း ၁၁ ရက်ကြာခရီးစဉ်အဖြစ် သွားရောက်ခဲ့တာဖြစ်ပါတယ်။ 

သူဟာ ထိုင်းနိုင်ငံကတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြီးခဲ့တဲ့စနေနေ့ကရောက်ရှိခဲ့ပြီး နယ်စပ်မြို့ဖြစ်တဲ့ ကော့စ်ဘဇားမြို့ကိုသွားရောက်ပြီး ဒုက္ခသည်စခန်းတွေကို လေ့လာခဲ့တယ်လို့သိရပါတယ်။ 

မစ္စယန်ဟီးလီးဟာ သူ့ခရီးစဉ်နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို နက်ဖြန်(ဇန်န၀ါရီ ၂၅)ညနေ ၅နာရီမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့က Le Meridien ဟိုတယ်မှာပြုလုပ်မယ်လို့ဆိုထားပါတယ်။ 


Ref: UN expert visits Bhashan Char today
Popular News Journal 

0 comments:

Post a Comment