မနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ FAဖလားပွဲစဉ်မှာ မန်ယူက ရီဒင်းအသင်းကို နှစ်ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့ပြီးနောက် မန်ယူအသင်းက ယာယီနည်းပြဆိုးရှားလက်ထက်မှာ (၅)ပွဲဆက်တိုက်အနိုင်ရခဲ့တဲ့ မှတ်တမ်းကိုရရှိခဲ့ပါတယ်။
မန်ယူအသင်းက မော်ရင်ဟိုလက်ထက်မှာ ရလဒ်တွေဆိုးနေတာကြောင့် အသင်းရဲ့ ကစားသမားဟောင်းဆိုးရှားကိုယာယီနည်းပြအဖြစ်ခေါ်ယူခန့်အပ်ခဲ့တာပါ။ဆိုးရှားက မန်ယူအသင်းကို တိုက်စစ်အသားပေးတဲ့ကစားဟန်ကို အသုံးပြုခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် လေးပွဲဆက်အနိုင်နဲ့အခုFAဖလားအနိုင်ရတာကြောင့် ငါးပွဲဆက်အနိုင်ရခဲ့တာဖြစ်ပါတယ်။
ဆိုးရှားအနေနဲ့မန်ယူအသင်းကို ပရီးမီးယားလိဂ်အဆင့်(၄)နေရာ ရအောင်စွမ်းဆောင်ပြနိုင်ခဲ့မယ်ဆိုရင် အမြဲတမ်းနည်းပြဖြစ်လာဖို့လည်း ရေပန်းစားနေပါတယ်။
လက်ရှိမှာတော့မန်ယူအသင်းက ပရီးမီးယားလိဂ် မှာအဆင့်(၆)နေရာမှာရှိနေပြီး အဆင့်(၅)နေရာကအာဆင်နယ်နဲ့သုံးမှတ်အကွာ။အဆင့်(၄)နေရာက ချလ်ဆီးနဲ့ ခြောက်မှတ်အကွာမှာရှိနေပါတယ်။
Popular News Journal







0 comments:
Post a Comment