Wednesday, January 2, 2019

ပြဿနာပိုမိုရှုပ်ထွေးစေရန် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကို လုပ်ကြံခြင်းဖြစ်ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် သုံးသပ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို မိုင်းဖြင့် တိုက်ခိုက်ခြင်းသည် ပြဿနာပိုမိုရှုပ်ထွေးစေရန် လုပ်ဆောင်ခြင်းဖြစ်သည်မှာ ထင်ရှားကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ပြောသည်။ 
ဝန်ကြီးချုပ်လမ်းကြောင်းကို စောင့်ကြည့်၍ မိုင်းခွဲရန် ကြိုးစား ခြင်းသည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး အလားတူ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရန် ပါတီဗဟိုအလုပ်အမှုဆောင်များ အကြား ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

‘‘တကယ်အလုပ်လုပ်ရမှာ ကတော့ အုပ်ချုပ်ရေးပိုင်းကပဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းတဲ့ဖြေ ရှင်းမှုမရချင်တဲ့ အဖျက်သမား တွေက လုပ်တယ်လို့ ပြောပါရ စေ’’ဟု ဒေါက်တာမျိုးညွန့်က ဆို သည်။ 

ဝန်ကြီးချုပ်ဦးညီပုလိုက်ပါ လာသည့် ယာဉ်တန်းသည် ဇန်နဝါရီ ၁ ရက်ညနေတွင် မြောက်ဦးမြို့အနီး၌ မိုင်းဖြင့် တိုက်ခိုက်ခံရပြီး ယာဉ်တန်းတွင် လိုက်ပါလာသူတစ်ဦးမျှ ထိခိုက်ဒဏ်ရာမရရှိပေ။ 

သို့သော် ဝန်ကြီးချုပ်ဦးညီပု သည် ၎င်း၏အသက်အန္တရာယ်ကို မမှုဘဲ ရခိုင်ပြည်နယ်အကျိုး ဆက်လက်ဆောင်ရွက်မည်ဟု ပါတီကို ပြောကြားထားကြောင်း ဒေါက် တာမျိုးညွန့်က ပြောသည်။ 

‘‘ရခိုင်ပြည်နယ်အရေးက မြန်မာတစ်နိုင်ငံလုံးနဲ့ ပတ်သက် တယ်။ နိုင်ငံသားအားလုံးနဲ့ပတ် သက်ပါတယ်။ ရခိုင်တိုင်းရင်းသား များကလည်း ဒီကိစ္စဟာ ရခိုင်တွေ နဲ့ပဲ ပတ်သက်တယ်ဆိုတဲ့ သဘောထားမျိုးမရှိဘဲနဲ့ ပြည်ထောင်စု ကြီးတစ်ခုလုံးအရေးအဖြစ် ပြည် ထောင်စုအစိုးရနဲ့ အားလုံးညီညီ ညွတ်ညွတ် ပူးပေါင်းပါဝင်ကြရင် တော့ ဒီလိုအဖျက်အမှောင့်လုပ် ရပ်တွေကို ဖော်ထုတ်ရမှာ ပိုမို လွယ်ကူပါလိမ့်မယ်’’ဟု​ ၎င်းက ဆိုသည်။ 

အထက်ပါ ဖြစ်စဉ်သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏သွား လာရာလမ်းကြောင်းကို တစ်နှစ် ကျော်အတွင်း နှစ်ကြိမ်မြောက် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ဝန်ကြီး ချုပ်ဦးညီပုသည် ယင်းနှစ်ကြိမ်စလုံးတွင် ထိခိုက်ဒဏ်ရာမရရှိခဲ့ ပေ။

7Day

No comments:

Post a Comment