Wednesday, January 2, 2019

ငြိမ်းချမ်းရေးလုပ်ငန်းကို ကရင်လူထု၏ထောက်ခံမှုဖြင့် ဆက်လက်ဆောင်ရွက်မည်ဟု ကေအင်န်ယူသ၀ဏ်လွှာပို့


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အတက်၊ အကျရှိသည့် အားလျော်စွာ KNU အနေဖြင့် ကရင်အမျိုးသားများရည်မှန်း သောပန်းတိုင်သို့ရောက်ရှိသည် အထိ ကရင်လူထု၏ထောက်ခံမှု နှင့်အတူ ဆက်လက်ချီတက်နေ မည်ဖြစ်ကြောင်း ကရင်အမျိုးသား နှစ်သစ်ကူးနေ့သို့ KNU ကပေးပို့ သည့် သ၀ဏ်လွှာ၌ ဖော်ပြထားသည်။ 

ယခုနှစ်ဇန်န၀ါရီ ၆ ရက်တွင် ၂၇၅၈ ခုနှစ်ကရင်အမျိုးသားနှစ် သစ်ကူးနေ့အတွက် KNU ကပေး ပို့သည့် သ၀ဏ်လွှာကို ဇန်န၀ါရီ ၂ ရက်တွင်ထုတ်ပြန်သည်။ 

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ် ၏တရားဝင်အစည်းအဝေးများ တွင် ပါဝင်မှုခေတ္တရပ်ဆိုင်းထား ပြီး အလွတ်သဘောဆွေးနွေးပွဲ များမှတစ်ဆင့်နှစ်ဖက်ကွာဟမှု များကို ဆက်လက်အဖြေရှာရ သည့်ရည်ရွယ်ချက်မှာ လက်ရှိ သွားနေသည့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်၏လားရာသည် တန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အ ပြည့်အ၀ရှိသောဒီမိုကရေစီဖက် ဒရယ်ပြည်ထောင်စုထူထောင်နိုင် ရေးဆိုင်ရာလမ်းကြောင်းမှ လွဲ ဖယ်ပြီး တိမ်းစောင်းသွားနေသည့် အနေအထားသို့ ရောက်ရှိနေ သည်ဖြစ်ရာ ပြန်လည်တည့်မတ် လိုသောကြောင့်ဖြစ်သည်ဟု KNU သ၀ဏ်လွှာတွင်ပါရှိသည်။ 

တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အပြည့်အ၀ရှိသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင် စုထူထောင်နိုင်မှသာ ကရင့်အနာ ဂတ်ကို ပုံဖော်နိုင်မည်ဖြစ် ကြောင်း၊ ပြည်တွင်း၊ ပြည်ပရှိ ကရင်များအနေဖြင့် ကရင့်ကံ ကြမ္မာကို ကရင်ဖန်တီးသည့်လုပ် ငန်းစဉ်များ၌ ကျရာနေရာမှပါဝင် ကြရန် KNU က တိုက်တွန်းသည်။ 

လက်ရှိ နိုင်ငံရေးအခင်းအ ကျင်းအရ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်မှတစ်ဆင့် နိုင်ငံရေးအရ ကရင့်အမျိုးသားအကျိုးစီးပွားအ တွက် တိုက်ပွဲဝင်နေရာ KNU ကို မဏ္ဍိုင်ထားပြီး ညှိနှိုင်းဆောင်ရွက် ပါဝင်ပူးပေါင်းကြရန် လိုအပ် ကြောင်းလည်း သ၀ဏ်လွှာတွင် ဖော်ပြထားသည်။ 

ဖြစ်တည်လာသော နိုင်ငံ ရေးအခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်ပြီး မိမိတို့၏ရည်မှန်းချက် များအကောင်အထည်ပေါ်လာ ရေးအတွက် ကရင်တစ်မျိုးသား လုံးက စည်းစည်းလုံးလုံးငြိမ်းချမ်း စွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် ရန်လည်း KNU ကတိုက်တွန်း သည်။ 

KNU သည် အစိုးရနှင့်ပြည် နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စဲပြီး ၂၀၁၅ တွင် အခြား တိုင်းရင်းသားလက်နက်ကိုင်ခုနစ် ဖွဲ့နှင့်အတူ NCAလက်မှတ်ရေး ထိုးခဲ့သည်။ NCA ရေးထိုးပြီး နောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များတွင် တက်ကြွစွာပါဝင်ဆောင် ရွက်သော်လည်း ဆွေးနွေးညှိ နှိုင်းမှုများ မပြေလည်ခြင်းနှင့်အ တူ ၂၀၁၈ နှစ်ကုန်ပိုင်းတွင် ငြိမ်း ချမ်းရေးဆိုင်ရာ တရားဝင်အစည်း အဝေးများ၌ ပါဝင်မှုယာယီရပ် ဆိုင်းကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာလုပ်ငန်းများ ရပ်တန့်နေ ရာလက်ရှိတွင် အလွတ်သဘော ဆွေးနွေးပွဲများမှတစ်ဆင့် လုပ် ငန်းစဉ်များ ပြန်စနိုင်ရေးပြင်ဆင် နေသည်။

7Day

No comments:

Post a Comment