ဒီမိုကရေစီရေးလှုပ်ရှားတဲ့ သြစတြေးလျနိုင်ငံသား တရုတ်လူမျိုး ယန်ဟန်ဂျွန်းကို တရုတ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားတာသေချာသွားပြီလို့ သြစတြေးလျနိုင်ငံခြားရေးဌာနက အတည်ပြုလိုက်ပါတယ်။ ယန်ဟန်ဂျွန်းဟာ စာရေးဆရာတယောက်ဖြစ်သလို၊ တရုတ်သံတမန်ဟောင်းလည်း ဖြစ်ပါတယ်။
သူဟာ မိသားစုနဲ့အတူ ပြီးခဲ့တဲ့သီတင်းပတ်က တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့ကို ခရီးသွားနေတုန်း ပျောက်သွားတာဖြစ်ပါတယ်။
အဲဒီ့နောက်မှာတော့ သူ့ကိုဖမ်းထားတဲ့အကြောင်း တရုတ်အာဏာပိုင်တွေက ကွမ်ကျိုးမြို့က သြစတြေးလျသံရုံးရဲ့ ပြည်ပရေးရာနဲ့ ကုန်သွယ်ရေးဌာနကို အကြောင်းကြားလာတယ်လို့ သံရုံးကြေညာချက်မှာဖော်ပြထားပါတယ်။
သူ့ကို ဘာကြောင့်ဖမ်းတာလဲဆိုတာ သံရုံးကသိဖို့ကြိုးစားနေတယ်လို့ဆိုပါတယ်။
သြစတြေးလျနိုင်ငံမှာ တရုတ်နိုင်ငံက ဟွာဟွေကုမ္ပဏီရဲ့ 5G ဆက်သွယ်ရေးနဲ့ တပ်ဆင်မှာနဲ့ပတ်သက်လို့ အမေရိကန်နဲ့ နယူးဇီလန်တို့ နည်းတူ ပြည်တွင်းလုံခြုံရေးစိုးရိမ်ပြီး၊ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ပိတ်ပင်တားမြစ်ခဲ့ပါတယ်။
ယန်ဟန်ဂျွန်းဟာ အရင်က ဟိုင်နန်ပြည်နယ် နိုင်ငံရေးဝန်ကြီးဌာနမှာ အလုပ်လုပ်ခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာ ဟောင်ကောင်ကို ထွက်သွားပြီး၊ ၁၉၉၇ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုက အတ္တလန္တိတ် ကောင်စီပညာရှင်အဖွဲ့မှာ အလုပ်လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သြစတြေးလျနိုင်ငံသားခံယူပြီး အခန်းဆက် စုံထောက်ဝတ္ထုတွေရေးခဲ့သလို၊ တရုတ်ဘာသာနဲ့ ဘလော့တခုလည်း ရေးသားခဲ့ပါတယ်။
တရုတ်စာရေးဆရာ ယန်ဟန်ဂျွန်း
(Photo - Yang Hengjun’s Facebook)
RFA







0 comments:
Post a Comment