ကိုယ်ပိုင်ထိန်းကျောင်းမောင်းနှင်တဲ့ ဝေဟင် သယ်ယူပို့ ဆောင်ရေး လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး ရည်မှန်းတဲ့ ပရော့ဂျက်အဖြစ် ၄င်းတို့ ရဲ့  ကားပျံ နမူနာပုံစံ ပထမအဆင့် စမ်းသပ်မောင်းနှင်မှု အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း ဘိုရင်းကုမ္ပဏီက ဗုဒ္ဓဟူးနေ့ (ဇန်န၀ါရီ ၂၃ ) မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒေါင်လိုက် အတက် အဆင်းလုပ်နိုင်တဲ့ e Vtol လျှပ်စစ်ကားပျံကို အင်္ဂါနေ့ က အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ တော် အပြင်မှာ စမ်းသပ်မောင်းနှင်ခဲ့တာဖြစ်တယ်လို့  ထုတ်ပြန်ချက်မှာ ကုမ္ပဏီက ပြောဆိုခဲ့ပါတယ်။ ကိုယ်ပိုင် ပျံသန်းမှုစီမံခွင့်နဲ့ အတူ ဝေဟင်ခရီးသည်ပို့ ဆောင်ရေးအတွက် အသုံးပြုနိုင်မယ့် ယာဉ်တွေ တည်ဆောက်မှုကို ဂူးဂဲလ် တည်ထောင်သူ လယ်ရီပေ့က ကျောက်ထောက်နောက်ခံပြု စတင်ခဲ့ကာ ယင်း ပရောဂျက်တွေကို ဆောင်ရွက်နေတဲ့ Uber အပါအ၀င် ကမ္ဘာတလွှားနဲ့ အမေရိကန်ပြည်ထောင်စုရှိ ကုမ္ပဏီ လက်တဆုပ်စာထဲမှာ ဘိုရင်းကုမ္ပဏီလည်း ပါဝင်ခဲ့ပါတယ်။
ကုမ္ပဏီရဲ့  မြို့ ပြ ဝေဟင် ပို့ ဆောင်ရေး စီမံချက်တွေကို ဦးဆောင်နေတဲ့ Boeing NeXt ဟာ ဘိုရင်းရဲ့ လက်ခွဲကုမ္ပဏီ Aurora Flight Sciences က ဒီဇိုင်းထုတ် တည်ဆောက်တဲ့ နမူနာပုံစံကို အသုံးပြုခဲ့ခြင်းဖြစ်ပါတယ်။ ကိုယ်ပိုင်ထိန်းကျောင်းမောင်းနှင်တဲ့ ဝေဟင် သယ်ယူပို့ ဆောင်ရေးမှာ ဘေးကင်းလုံခြုံမှုနဲ့  ယုံကြည်စိတ်ချရမှု သေချာစေဖို့ အတွက် စမ်းသပ်မှုတွေ ဆက်လုပ်သွားဦးမှာဖြစ်ကြောင်း ကုမ္ပဏီက ပြောဆိုခဲ့ပါတယ်။
အကွာအဝေး ၈၀ ကီလိုမီတာခန့် အတွက် အတက် အဆင်းလုပ်မှုအပါအ၀င် ကိုယ်ပိုင် အပြည့်အ၀ ထိန်းကျောင်းမောင်းနှင်နိုင်ဖို့  ယာဉ်ကို ဒီဇိုင်းထုတ်ထားကြောင်း သိရပါတယ်။ ၉ မီတာရှည်ကာ ၈.၅ မီတာကျယ်တဲ့ ယာဉ်ကို တွန်းအားနဲ့  ဝေဟင်မှာ ပျံဝဲနေစေမယ့် တောင်ပံစနစ်တွေ ပေါင်းစပ်ဖွဲ့ စည်းထားကာ ရဟတ်ယာဉ်တစ်စင်းလို မောင်းနှင်နိုင်တယ်လို့  ဆိုပါတယ်။
၂၂၆ ကီလိုမီတာ အကွာအဝေးအထိ ပျံသန်းပို့ ဆောင်နိုင်မယ့် လူမဲ့ ကုန်တင်ယာဉ်ပျံ ဒီဇိုင်းတစ်ခုကို တည်ဆောက်နေကြောင်းလည်း ဘိုရင်းက ပြောဆိုခဲ့ပါတယ်။ ယင်း ကုန်တင်ယာဉ်ပျံကို ပြီးခဲ့တဲ့နှစ်မှာ ပထမဆုံး ရုံတွင်း စမ်းသပ်မောင်းနှင်မှု လုပ်ထားခဲ့ကာ ပြင်ပ စမ်းသပ်မောင်းနှင်မှုကိုတော့ ယခုနှစ်အတွင်း လုပ်ဆောင်သွားမယ်လို့  သိရပါတယ်။
Ref: CNA
ကိုလင်း (အကုန်သိ သတင်းဌာန)








0 comments:
Post a Comment