မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ချီးကျူးပြောကြားလိုက်ပြီး မကြာသေးခင်က ပြုလုပ်တဲ့ နှစ်နိုင်ငံဆွေးနွေးပွဲ ရလဒ်တွေကို ကျေနပ်ကြောင်း ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဇန်နဝါရီ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဟာ သမ္မတ ထရမ့်ရဲ့ အကောင်းမြင်သဘောထားကို ယုံကြည်မှာဖြစ်ပြီး နှစ်နိုင်ငံစလုံး ရောက်နိုင်တဲ့ အဆင့်တခုကို တဆင့်ပြီးတဆင့် တက်လှမ်းဖို့ စိတ်ရင်းစေတနာမှန်နဲ့ စိတ်ရှည်ရှည်ထား စောင့်ဆိုင်းသွားမှာဖြစ်တယ်လို့ ခေါင်းဆောင် ကင် ပြောကြားချက်ကို ကိုးကားပြီး ကေစီအန်အေက ဆိုပါတယ်။
အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ဟာ လာမယ့် ဖေဖော်ဝါရီလ နှောင်းပိုင်းမှာ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်သွားမှာဖြစ်ပေမယ့် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဆက်လက်ထားရှိသွားမှာဖြစ်တယ်လို့ အိမ်ဖြူတော်က ပြီးခဲ့တဲ့သီတင်းပတ်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
DVB







0 comments:
Post a Comment