Sunday, January 27, 2019

လစ်လပ်ဝန်ကြီးသုံးဦး ခန့်အပ်မည့် ကချင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ယနေ့စတင်ကျင်းပမည်

လစ်လပ်နေသော ကချင်ပြည်နယ် ဝန်ကြီးသုံးနေရာအား အစားထိုးခန့်အပ်ရန်နှင့် ဝန်ကြီး ဌာနတစ်ခု တိုးချဲ့ရန် ကချင်ပြည် နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးကို ယနေ့စတင်ကျင်းပမည်ဟု ကချင်ပြည်နယ် ဝန်ကြီးအချို့နှင့် အမတ်အချို့က ပြောသည်။ 
ကချင်ပြည်နယ် စိုက်ပျိုးမွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်း၊ လူမှုရေးဝန်ကြီးဒေါက် တာသင်းလွင်တို့ကို ရာထူးမှ နုတ် ထွက်ခွင့်ပြုပြီး သယံဇာတနှင့် သ ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးHလအောင်ကို တာဝန် မှ ရပ်စဲကြောင်း နိုင်ငံတော်သမ္မတ ရုံးက ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

‘‘ဝန်ကြီးသုံးပါး အနားပေး လိုက်တဲ့ကိစ္စမှာ ပြန်အစားထိုးဖို့ များပါတယ်’’ဟု မိုးညှင်းမြို့နယ် ပြည်နယ်အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း က 7Day Daily သတင်းစာအား ပြောသည်။ 

ဦးကျော်ကျော်ဝင်းသည် ကချင်ပြည်နယ် စိုက်ပျိုးမွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြ သိန်း၏နေရာတွင် အစားထိုးခန့် အပ်ခံရမည့် ဝန်ကြီးအသစ်အဖြစ် အမည်စာရင်း ထွက်ပေါ်နေ သည်။ 

ကချင်ပြည်နယ် စည်ပင်သာ ယာရေးဝန်ကြီး ဦးနေဝင်းက ၎င်း သည် ခေါင်လန်ဖူးမြို့နယ်သို့ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ရန် ရောက်ရှိနေစဉ် လွှတ်တော်အရေးပေါ် အစည်းအဝေးတက်ရောက် ရန် အကြောင်းကြား၍ ပြန်လာခဲ့သည်ဟု ရှင်းပြသည်။ 

ကချင်ပြည်နယ် စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးအဖြစ် ဦးကျော်ကျော်ဝင်း၊ သ ယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးအဖြစ် ဖား ကန့်မြို့နယ် အမှတ်(၂) မဲဆန္ဒ နယ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးဒါရှီလာဆိုင်း၊ လူမှု ရေးဝန်ကြီးအဖြစ် လက်ရှိစည်ပင် သာယာရေးဝန်ကြီးဖြစ်သော ဦး နေဝင်းကို တာဝန်လွှဲပြောင်းပေး မည်ဟု သတင်းထွက်နေသည်။ ဦးနေဝင်းနေရာတွင် ဝိုင်းမော်မြို့ နယ် အမှတ်(၂) မဲဆန္ဒနယ် ပြည် နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇခေါင်ခမ်းရယ်ကို စည်ပင်သာ ယာရေးဝန်ကြီး ခန့်အပ်မည်ဟု သတင်းထွက်ပေါ်နေပြီး ယင်းသ တင်းအတိုင်း ဖြစ်လာနိုင်ခြေရှိ ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးအချို့နှင့် လွှတ်တော် ကိုယ်စားလှယ်အချို့က ပြော သည်။ ထို့အပြင် ကချင်ပြည်နယ် လမ်းပန်း၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာနကို လမ်းတံတားဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် ဆက်သွယ်ရေး စက်မှုလက်မှုဝန်ကြီးဌာနဟူ၍ သီးခြားစီခွဲထုတ်ကာ ဝန်ကြီးနှစ်ဦး ခန့်အပ်မည် ဟုလည်း သတင်းထွက်ပေါ်နေ သည်။ လက်ရှိ ကချင်ပြည်နယ် လမ်းပန်း၊ လျှပ်စစ်နှင့် စက်မှု လက်မှုဝန်ကြီးဌာန ဝန်ကြီးဦးဝင်း ညွန့်ဖြစ်ပြီး အသစ်ဖြစ်လာနိုင် သည့် လမ်းတံတားဝန်ကြီးဌာန ဝန်ကြီးအဖြစ် မြစ်ကြီးနားမြို့ခံ ဦးထွန်းညွန့်ကို ခန့်အပ်မည်ဟု သတင်းထွက်ပေါ်နေသည်။ 

ဝန်ကြီးဌာနနှစ်ခုခွဲမည့်ကိစ္စ နှင့်ပတ်သက်၍ ဦးဒါရှီလာဆိုင်းက ‘‘လုပ်ငန်းပိုင်းဆိုင်ရာတွေ သွက်သွက်လက်လက် ဖြစ်နိုင် အောင်လို့ အဲလိုလုပ်တယ်လို့ပဲ ကျွန်တော် ထင်တယ်’’ဟု ဆို သည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဝင် ဦးထွန်းညွန့်သည် ဝန်ကြီးဦးဝင်းညွန့်နှင့် ဆွေမျိုး တော်စပ်ပြီး ရွှေကြိုးကြာအမည် ဖြင့် စာရေးကိရိယာဆိုင် ဖွင့်လှစ် ထားသူဖြစ်ကြောင်း မြစ်ကြီးနား မြို့ခံများက ပြောသည်။ 

ထို့အပြင် ယနေ့ (ဇန်နဝါရီ ၂၈ ရက်) ကျင်းပမည့် ကချင်ပြည် နယ်လွှတ်တော် အရေးပေါ်အ စည်းအဝေးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အသစ်ခန့်အပ်ဆောင်ရွက်မည်ဖြစ်ပြီး လစ်လပ်ဝန်ကြီးသုံးနေရာအ တွက် အစားထိုးခန့်အပ်ရန် ဇန်နဝါရီ ၂၉ ရက် အစည်းအဝေးတွင် ပြုလုပ်မည်ဟု အစည်းအဝေး တက်ရောက်မည့် လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

7Day

No comments:

Post a Comment