Sunday, January 27, 2019

ဌာနတွင်း လာဘ်စားမှုများကို အရေးယူမည့် CPU အဖွဲ့များ ၀န်ကြီးဌာန ၁၃ ခုတွင် စတင်ဖွဲ့စည်းမည်


ဌာနတွင်းလာဘ် စားမှုများကို အရေးယူမည့် အဂ တိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ ခွဲ (CPU) များကို ၀န်ကြီးဌာန ၁၃ ခု၌ ဖေဖော်ဝါရီလဆန်းတွင်စတင်ဖွဲ့စည်းမည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပြောသည်။ 
အစိုးရ၀န်ကြီးဌာနများရှိ လာဘ်ပေး လာဘ်ယူမှုများကို တားဆီးကာကွယ်နိုင်ရေး၊ အ ရေးယူ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ကာ ယင်းအဂတိ လိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ခွဲများ ဖွဲ့စည်းခြင်းဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။ 

အဆိုပါ CPU အဖွဲ့ခွဲများ ကို ဖေဖော်ဝါရီလဆန်းတွင်စတင် ဖွဲ့စည်းကာ အဖွဲ့ဝင်များအား အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်က သင်တန်း ပေး မည်ဖြစ်ကြောင်း ကော်မရှင်ပြော ရေးဆိုခွင့်ရှိသူ ဦးကျော်စိုးကပြော သည်။ 

ယခုဖွဲ့စည်းမည့် ၀န်ကြီး ဌာန ၁၃ ခုအပြင် နောက်ထပ်ဝန် ကြီးဌာနများတွင်လည်း CPU အ ဖွဲ့များ ထပ်မံဖွဲ့စည်းမည်ဟု ဦးကျော်စိုးကဆိုသည်။ 

အဆိုပါ CPU အဖွဲ့တစ်ဖွဲ့ တွင်အနည်းဆုံးအဖွဲ့ဝင် လေးဦး မှ ၁၀ ဦးပါဝင်မည်ဖြစ်ပြီး ယင်း အဖွဲ့ဝင်များကို သက်ဆိုင်ရာ ၀န်ကြီးဌာနအလိုက် ပြည်ထောင် စုဝန်ကြီးက ရွေးချယ်ခန့်အပ်မည် ဖြစ်သည်။ အဖွဲ့ဝင်များအနေဖြင့် ဌာနတွင်း လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုရှိ၊ မရှိစောင့် ကြည့်ရမည်ဖြစ်ပြီး တွေ့ရှိပါက ဌာနတွင်း အရေးယူဆောင်ရွက်ရ မည်ဖြစ်သည်။ 

သို့သော် အဂတိလိုက်စား သည့် ပမာဏများပြားပါက ဌာနတွင်းအရေးယူခြင်းမပြုဘဲ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က တိုက်ရိုက်အရေး ယူမည်ဖြစ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ကပြော ကြားထားသည်။ 

အဂတိလိုက်စားမှုတိုက် ဖျက်ရေးအဖွဲ့ (CPU) ၏အဓိက လုပ်ငန်းတာဝန်များမှာ အဂတိ လိုက်စားမှုပြဿနာများကို စိစစ် ဖော်ထုတ်ရန်၊ အဂတိလိုက်စားမှု ပြဿနာများကို ဖြေရှင်းရန်၊ နိုင် ငံ့ဝန်ထမ်းများအဂတိလိုက်စားမှု ဆက်လက်မဖြစ်ရေးတားဆီးကာ ကွယ်ရန်တို့ဖြစ်ကြောင်း ကော်မ ရှင်က ထုတ်ပြန်ထားသည်။ 

ယင်း CPU အဖွဲ့ခွဲများကို ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန များတွင် ဖွဲ့စည်းပြီးပါကပြည်နယ် နှင့် တိုင်းအဆင့်ဝန်ကြီးဌာနများ၌ ဖွဲ့စည်းမည်ဖြစ်ကြောင်း ကော် မရှင်က ပြောကြားထားသည်။ 

‘‘တစ်နိုင်ငံလုံးအနှံ့ လုပ်ရ မယ်။ အရင်သင်တန်းပေးမယ်။ နောက်ကျမှ တိုင်း၊ ပြည်နယ်အ ဆင့် တိုင်းဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးချုပ်၊ အဆင့်ဆင့်လုပ်သွားမယ်’’ ဟု ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ညွန့်က ပြောကြား ထားသည်။ 

ဦးဝင်းမြင့်နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ခံရပြီး မိန့်ခွန်းစကားပြောစဉ်ကလည်း အဂတိလိုက်စားမှုများကို အဓိကထားတိုက်ဖျက်ဆောင်ရွက်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ 

ဝန်ကြီးဌာနများ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (CPU) ဖွဲ့စည်းခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတက ဒီဇင်ဘာ ၇ ရက်တွင် ကျရောက်သည့် အဂ တိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သို့ပေးပို့သော သ ၀ဏ်လွှာ၌ ထည့်သွင်းပြောကြား သည်။

7Day

No comments:

Post a Comment