Wednesday, February 27, 2019

ဘင်္ဂလားဒေ့ရှ်က လူသုံးအများဆုံး အင်တာနက် ဝက်ဘ်ဆိုက် အပိတ်ခံရ


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထင်ရှားဆုံး ဘင်္ဂလီ အင်တာနက် ဝက်ဘ်ဆိုက် ဘလော့ဂ် စာမျက်နှာတခုကို ဆက်သွယ်ရေး အာဏာပိုင်တွေက ပိတ်လိုက်တဲ့အတွက် လွတ်လပ်စွာဖော်ပြခွင့်ကို ချိုးဖျက်တဲ့လုပ်ရပ်အဖြစ် ဝေဖန်နေကြပါတယ်။ 
အဲဒီ ဘလော့ဂ်စာမျက်နှာမှာ ဝက်ဘ်ဆိုက်ပေါင်း နှစ်သောင်းကျော်ရှိပြီး ဘလော့ဂါပေါင်း နှစ်သိန်းကျော် အသုံးပြုရေးသားနေကြတာဖြစ်ပါတယ်။ 
မကြာခင်ရက်ပိုင်းကတော့ ဆက်သွယ်ရေး အာဏာပိုင်တွေက အင်တာနက်ပေါ်က ညစ်ညမ်းရုပ်ရှင်တွေနဲ့ လောင်းကစားလုပ်ငန်းတွေကို တိုက်ဖျက်နှိမ်နင်းရေးဆောင်ရွက်ခဲ့ရာမှာ အဲဒီ Somewhwereinblock net အမည်ရှိ ဘလော့ဂ်စာမျက်နှာပါ ပါဝင်သွားခဲ့တာပါ။ မသင့်မတော်ဖော်ပြချက်တွေ ပါဝင်လို့ ပိတ်ပင်ရတာ ဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။. 
အဲဒီဘလော့ဂ် စာမျက်နှာရဲ့ ပြောခွင့်ရသူကတော့ အများပြည်သူအတွက် မသင့်တော်တာတွေကို လုံးဝ ဖော်ပြမထားကြောင်း၊ အမျိုးသားလုံခြုံရေး ထိပါးမယ့်ကိစ္စတွေကိုလည်း သတိနဲ့ အမြဲစောင့်ကြည့်နေတာ ဖြစ်ကြောင်း ပြောဆိုပါတယ်။ 
ပြီးခဲ့တဲ့ စက်တင်ဘာလက ရှိတ် ဟာဆီနာအစိုးရက ဒစ်ဂျစ်တယ် အင်တာနက် လုံခြုံရေးဥပဒေ ထုတ်ပြန်ခဲ့ရာမှာ ဒါဟာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို တင်တင်းကျပ်ကျပ် ချုပ်ကိုင်လိုက်တာဖြစ်ကြောင်း စာနယ်ဇင်းသမားတွေက ဝေဖန်ကြပါတယ်။ 

RFA

No comments:

Post a Comment