Tuesday, March 26, 2019

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တွင် AAနှင့် ARSA စစ်အခြေစိုက် စခန်းအသစ်များ ရှိနေ၍ အိန္ဒိယ လွန်စွာ စိုးရိမ်မကင်းဖြစ် ဘင်္ဂါလီဒုက္ခသည်များအား အကြမ်းဖက်တပ်သားသစ်များ အဖြစ်စုဆောင်းမှု့ များကို ARSA ပြုလုပ်နေဟု သိရှိရ ကုလားတန်စီမံကိန်းကို AAက ခြိမ်းခြောက်နေ၍ ကြီးမားသည့် စစ်ဆင်ရေးပြုလုပ်၍ အိန္ဒိယတပ်မတော် ရှင်းလင်း


အိန္ဒိယတပ်မတော်နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များကမြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင်ARSAအကြမ်းဖက်သောင်းကျန်းသူများ၏စစ်အခြေစိုက်စခန်းအသစ်များကို ရှာဖွေတွေ့ရှိခဲ့ ကြောင်း (ယနေ့မတ်၂၆) ရက်စွဲဖြင့်ဖော်ပြသည့် အိန္ဒိယ သတင်းတစ်ရပ်က ဖော်ပြခဲ့သည်။ 
အဆိုပါARSAစစ်အခြေစိုက်စခန်းအသစ်များမှာ လုံခြုံ ရေးတပ်ဖွဲ့ဝင်များကို ထိရောက်သည့် တိုက်ခိုက်မှုများ ပြု လုပ်ရန်အသေအချာလေ့ကျင့်သင်ကြားပေးနေသည့် စစ် သင်တန်းကျောင်းများဖြစ်သလို မြန်မာနှင့်အိန္ဒိယတွင် အ ခိုင်အမာခြေကုပ်ရယူ၍အဆောက်အဦးများတည်ဆောက် ရန် ပစ်မှတ်ထားနေသည့် ရည်ရွယ်ချက်များရှိနေကြောင်း အိန္ဒိယထောက်လှမ်းရေးသတင်းများကို ကိုးကား၍ ဖော် ပြခဲ့သည်။ 
အိန္ဒိယထောက်လှမ်းရေးအစီရင်ခံစာပါ အချက်အလက် များအရ အချို့သော ARSAစစ်အခြေစိုက်စခန်းများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိဘင်္ဂါလီဒုက္ခသည်များ (မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ) စခန်းနှင့် အလွန်နီးကပ်စွာ တည်ရှိနေသည်ဟု ဆိုသည်။ ၎င်းတို့၏ရည်ရွယ်ချက်တွင် မြန်မာနှင့်အိန္ဒိယ၌ အခိုင်အမာခြေကုပ်စခန်းရရှိရန် ပါရှိ သည်ဟုဆိုသည်။ 

ARSAအကြမ်းဖက်သောင်းကျန်းသူများမှာ ဘင်္ဂလား ဒေ့ရှ်ရှိ ဘင်္ဂလီဒုက္ခသည်စခန်းများမှ လူများကို တပ်သား သစ်အဖြစ် စုဆောင်းနေသည်ဟုလည်း အိန္ဒိယထောက် လှမ်းရေးအစီရင်ခံစာတွင် ပါရှိကြောင်း ဖော်ပြထားသည်။ 

အဆိုပါဘင်္ဂလီဒုက္ခသည်များကို ယခင်ရှိပြီးသား အတွေး အခေါ်ဟောင်းများကို ဖျောက်ဖျက်စေကာ အတွေးအခေါ် အယူအဆသစ်များကို ရိုက်သွင်းပေးသည့် ဦးနှောက်ဆေး ခြင်းများ လူမျိုးရေး၊ဘာသာရေးများတွင် အစွန်းရောက် စေသည့် သင်ကြားပေးမှုများကို ARSAများက ပြုလုပ်နေ သည်ဟုလည်း ဆိုသည်။ထို့အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကို တိုက်ခိုက်ရန်အတွက် လက်နက်များကိုလည်း ပံ့ပိုးပေး ထားကြောင်း သိရသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းARSAစစ်အခြေစိုက်လေ့ကျင့်ရေးစခန်းသုံးခုရှိနေပြီး ဘင်္ဂလီဒုက္ခသည်များမှာ အဆိုပါ ARSAအဖွဲ့သို့ သွားရောက်ပူးပေါင်းနေသည်ဟုလည်း မြန်မာအစိုးရ၏ ပြောကြားထားမှု ရှိနေသည်။ 

ဘင်္ဂလားဒေ့ရှ်ကမူ အဆိုပါအချက်ကို ငြင်းဆန်ထားသည်။ ၎င်းတို့၏ နိုင်ငံပိုင်နက် နယ်မြေအတွင်း ARSA စစ်စခန်း များ လုံးဝမရှိဟုဆိုသလို ဘင်္ဂလီဒုက္ခသည်များ၏ ဘ၀ပြန် လည်ထူထောင်ရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ထောက်ပံ့ပေးစေလိုကြောင်း တောင်းဆိုထားသည်။ 
အင်ဒိုနှင့်မြန်မာနယ်စပ်တစ်လျှောက်တွင် ခြိမ်းခြောက်နေ သည့်အကြမ်းဖက်သောင်းကျန်းသူများကိုရှင်းလင်းနိုင်ရေး အတွက် မကြာသေးမီက အိန္ဒိယတပ်မတော်ကအလွန်ကြီး မားသည့် စစ်ဆင်ရေးတစ်ခုကို ပြုလုပ်ခဲ့သည်။ 
အဆိုပါစစ်ဆင်ရေးကို အိန္ဒိယနှင့် မြန်မာ့တပ်မတော်နှစ်ရပ် ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ကာ ၂၀၁၉ ဖေဖော်ဝါရီ ၁၇မှ မတ် ၂ အထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 
အိန္ဒိယမှာ နိုင်ငံ၏အရှေ့မြောက်ပိုင်းဒေသအတွက် မရှိ မ ဖြစ်လွန်စွာအရေးပါသည့် စီမံကိန်းတစ်ခုတည်ဆောက်ရန် ရှိနေပြီး အဆိုပါစီမံကိန်းကို ခြိမ်းခြောက်နေမှုများအားရှင်း လင်းရန် ပြင်ဆင်ထားခြင်းလည်းဖြစ်သည်။ 
ရခိုင့်တပ်မတော်(AA)မှာ အိန္ဒိယအတွက် အရေးပါနေ သည့် ကုလားတန်စီမံကိန်းကို ခြိမ်းခြောက်နေသည်ဟု အိန္ဒိ ယထောက်လှမ်းရေးအစီရင်ခံစာများအရ သိရသည်။ 
AAကို မြန်မာအစိုးရက အကြမ်းဖက်သောင်းကျန်းသူ လက်နက်ကိုင်အဖွဲ့အဖြစ် သတ်မှတ်ထားသည်။ အိန္ဒိယ တပ်မတော်ကလည်း နိုင်ငံ၏အရှေ့ပိုင်းဒေသများတွင် AA ကိုရှင်းလင်းရေးအတွက် အလွန်ကြီးမားသည့်စစ်ဆင်ရေး ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 
ကုလားတန်စီမံကိန်းမှာအိန္ဒိယနိုင်ငံကာလကတ္တားနှင့်မြန်မာ နိုင်ငံရှိ စစ်တွေမြို့ဆိပ်ကမ်းတို့ကို ဆက်သွယ်ပေးမည့် ပို့ ဆောင်ရေးစီမံကိန်းကြီးတစ်ခုဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ကုန်းတွင်းပိတ်ဒေသ အရှေ့မြောက်ပိုင်းနှင့် မီဇိုရမ်ပြည် နယ်တို့ကို ဆက်သွယ်ပေးမည့် ရေလမ်းကြောင်း ၀င်ထွက် ပေါက်တစ်ခုဖြစ်နေကာ ကာလကတ္တားမှ မီဇိုရမ်အထိ ခရီး အကွာအဝေးနှင့် ခရီးသွားချိန်တို့ကိုလည်း အဆိုပါကုလား တန်စီမံကိန်းက လျှော့ချပေးနိုင်မည်ဟုသိရသည်။ 
ကုလားတန်စီမံကိန်းပြီးဆုံးမည်ဆိုပါက ကာလကတ္တားမှ မီဇိုရမ်အထိ သွားလာရမည့်ခရီးအကွာအဝေးမှာ ကီလို မီတာ ၁၀၀၀အထိ သက်သာမည်ဖြစ်သလို ခရီးသွားချိန်ကို လည်း အနည်းဆုံးလေးရက် လျှော့ချပေးနိုင်မည်ဖြစ် ကြောင်းသိရသည်။ 
အိန္ဒိယထောက်လှမ်းရေးအစီရင်ခံစာများတွင်သုံးသပ်ညွှန် 
ပြထားမှုအရမီဇိုရမ်ပြည်နယ်၏တောင်ဘက် မြန်မာနယ် 
စပ်တွင်အကြမ်းဖက်သောင်းကျန်းသူလက်နက်ကိုင်များရှိနေပြီး အိန္ဒိယတပ်မတော်ကလည်း ရှင်းလင်းခဲ့သည်ဟု ဆိုသည်။ 
ထိုကဲ့သို့ အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးပြုလုပ်ခဲ့ရာ တွင် ရခိုင့်တပ်မတော် (AA)မှာဒေသန္တရလက်လုပ်မိုင်းများ (IEDs) ကို တပ်ဆင်အသုံးပြုရာတွင် လွန်စွာကျွမ်းကျင် သည့် အဆင့်ကို ရောက်ရှိနေပြီး အိန္ဒိယအတွက် အရေးပါ နေသည့် ကုလားတန်စီမံကိန်းနှင့် အဆိုပါ စီမံကိန်းတွင် ပါ ၀င်လုပ်ကိုင်မည့်ဝန်ထမ်းများအတွက်AAကခြိမ်းခြောက်မှု တစ်ရပ်ဖြစ်နေသည်ဟု သုံးသပ်ထားသည်။ 
“AAက အိန္ဒိယနဲ့ မြန်မာနှစ်ခုစလုံးအတွက် အလွန်စိုးရိမ် စရာပါပဲ” ဟု အိန္ဒိယထောက်လှမ်းရေး ရင်းမြစ်တစ်ခုက ပြောကြားခဲ့ကြောင်းလည်းသိရသည်။အဆိုပါသတင်းရင်း မြစ်၏ ဆက်လက်ပြောကြားမှုအရ ယခု၂၀၁၉ဇန်န၀ါရီလ အတွင်း၌ ရခိုင်ပြည်နယ်မောင်တောမြို့နယ် မြောက်ပိုင်းရှိ ၀က်ကျိန်းကျေးရွာအနီးတွင် နယ်ခြားစောင့် ရဲကင်းစခန်း တစ်ခုကို ARSAအကြမ်းဖက်သောင်းကျန်းသူ ဆယ်ဦး ပါ ၀င်သည့်အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် မြန်မာနယ် ခြားစောင့်တပ်ဖွဲ့ဝင်ခြောက်ဦး ဒဏ်ရာရခဲ့သည်ဟု သိရ သည်။ 


Refး DNA India 
The Ladies News

No comments:

Post a Comment