တရုတ်နိုင်ငံဘေဂျင်းမြို့ ၌ ယခုလနောက်ဆုံးအပတ်တွင် ပြုလုပ်မည့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေး ဒုတိယအကြိမ် Belt and Road Forum သို့တက်ရောက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်က ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယင်းဖိုရမ်သို့ တက်ရောက်ဖြစ်ပါက ယခုနှစ်ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်လာမည်ဖြစ်ပြီး လက်ရှိတွင် ခရီးစဉ်နှင့်ပတ်သက်၍ လေ့လာဆန်းစစ်သုံးသပ် နေကြောင်းအထက်ပါညွှန်ကြား ရေးမှူးချုပ်က ရှင်းပြသည်။
အဆိုပါ Belt and Road Forum ကို တရုတ်သမ္မတစီကျင်း ပင်က ဦးဆောင်ကျင်းပမည်ဖြစ် ပြီး ယင်းဖိုရမ်သို့ ဒေါ်အောင်ဆန်း စုကြည်တက်ရောက်ရန် မျှော် လင့်ထားကြောင်း အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်ကပြီးခဲ့သည့် နှစ်ကုန်တွင် လာအိုနိုင်ငံ၌တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီအား ပြောကြားခဲ့သည်။
ထို့အပြင် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးအောင်ထူးကလည်းဒေါ်အောင် ဆန်းစုကြည်၏ တရုတ်ခရီးစဉ်အ တွင်း မြန်မာ-တရုတ်စီးပွားရေး စင်္ကြံစီမံကိန်းဆိုင်ရာ သဘောတူ ညီချက်နှင့် နားလည်မှုစာချွန်လွှာ များ လက်မှတ်ရေးထိုးရန် စီစဉ် ထားကြောင်း ဖေဖော်ဝါရီတွင် ပြောကြားခဲ့သည်။ Belt and Road Forum သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက် မည်ဟု ဒုဝန်ကြီး ဦးအောင်ထူးက ပြောသည်။
မြစ်ဆုံစီမံကိန်းနှင့်ပတ် သက်၍ ပြည်တွင်း၌ ဝေဖန်မှုများ ပြန်လည်ထွက်ပေါ်လာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်ကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည်ဟု နိုင်ငံရေး လေ့လာစောင့်ကြည့်သူအချို့က မှတ်ချက်ပြုသည်။
မြစ်ဆုံစီမံကိန်းကို ပြည်သူ လူထုနှင့် ပညာရှင်များကရပ်ဆိုင်း ရန် တိုက်တွန်းပြောကြားထားပြီး ဒေါ်အောင်ဆန်းစုကြည်ကမူ မြစ်ဆုံနှင့်ပတ်သက်၍ ပြတ်သား စွာ ပြောဆိုခြင်းမရှိသေးဘဲ ပြည် သူလူထုအနေဖြင့် ဘက်ပေါင်းစုံ က စဉ်းစားရန် ပြီးခဲ့သည့်ပြည်မြို့ လူထုတွေ့ဆုံပွဲတွင်ပြောသည်။
7Day
No comments:
Post a Comment