တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များအနေနှင့် စီမံခန့်ခွဲမှုတာဝန်များ ထမ်းဆောင်သည့်အချိန်တွင် ပြည်သူကိုမမေ့ရန် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအား သတိပေးလိုက်သည်။
မတ်လ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည့် တိုင်းလွှတ်တော် အရေးပေါ် အစည်းအဝေးအပြီးတွင် ပြောကြားသည့် လွှတ်တော် ဥက္ကဋ္ဌမိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိ အသစ်ခန့်အပ်လိုက်သော ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် ပြည်သူ လူထု၏ လိုအင်ဆန္ဒ၊ ပြည်သူ၏ အခက်အခဲများကို ကောင်းစွာသိသူများဖြစ်သည့် အားလျော်စွာ ဝန်ကြီးတာဝန် ထမ်းဆောင်ကြချိန်တွင် ပြည်သူလူထု အကျိုးကိုမမေ့ရန် သတိပေးလိုကြောင်း ဦးခင်မောင်အေးက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ပြည်သူ့အကျိုးစီပွားကိုလုပ်ဖို့ မေ့သွားတတ်တယ်။ ပြည်သူအကျိုး မဟုတ်ဘဲ ခရိုနီအကျိုး ဖြစ်သွားတတ်တယ်။ အဲလိုဖြစ်မှာစိုးလို့ ကြိုသတိပေးလိုက်တာ”ဟု ဦးခင်မောင်အေးက Dawei Watch သို့ ပြောကြားသည်။
မတ်လ ၂၈ ရက်နေ့ ကျင်းပသည့် လွှတ်တော်အရေးပေါ် အစည်းအဝေးတွင် ဝန်ကြီးရာထူး ခန့်အပ်ခံရသော ဦးအောင်သူရ (လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး)၊ ဦးလှထွေး (သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး) နှင့် ဒေါ်ရီရီချို (စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး) တို့ ကျမ်းကျိန်ခဲ့ကြသည်။
ဝန်ကြီးချုပ် ဦးမြင့်မောင်မှာ မတ်လ ၂၅ ရက်နေ့က ကျမ်းကျိန်ခဲ့သည်။
Dawei Watch
The Voice

No comments:
Post a Comment