မတ် ၂၄ ရက်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ အတွင်း ထွက်ပေါ်ခဲ့တဲ့ ကနဦး မဲရလဒ်တွေက တရားဝင် အတည်ပြုလို့ မရသေးကြောင်းနှင့် မဲရလဒ် အပြည့်အစုံကို လာမယ့် မေလ ၉ ရက်နေ့မှာသာ တရားဝင် ထုတ်ပြန်သွားမယ်မှာ ဖြစ်ကြောင်း ထိုင်းရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
မတ် ၂၄ ရက်နေ့ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ မဲရလဒ် ရာနှုန်းပြည့်နီးပါး ရေတွက်ပြီး အနိုင်အရှုံး စာရင်းတွေ ကနဦးထွက်ပေါ်ခဲ့ပါတယ်။
ထိုင်းစစ်တပ် လိုလားတဲ့ပါတီတွေ ဟာ ညွန်ပေါင်းအစိုးရဖွဲ့စည်းနိုင်မယ်ဆိုရင် ၀န်ကြီးချုပ်သစ် ရွေးချယ်ရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်ဖွယ်ရှိတယ်လို့ ထိုင်း သတင်းတွေက ဆိုပါတယ်။
အဲဒီလိုမျိုးထွက်ပေါ်ခဲ့တဲမဲရလဒ်စာရင်းတွေဟာ တရားဝင်မဟုတ်ကြောင်း ထိုင်း ရွေးကောက်ပွဲကော်မရှင်က ဆိုထားတာလည်းဖြစ်ပါတယ်။
ထိုင်းရွေးကောက်ပွဲကော်မရှင်ဟာ မဲရလဒ်တွေကို မကြေငြာသေးဘဲ မဲရလဒ်အပြည့်အစုံကို မေလ ၉ ရက်နေ့မှာ တရားဝင်ထုတ်ပြန်မယ်လို့ ဆိုထားပါတယ်။
ထိုင်းရွေးကောက်ပွဲကော်မရှင်က အောက်လွတ်တော် ကိုယ်စားလှယ် ၅၀၀ ဦးအနက် ၁၅၀ ဦး အနိုင်ရတဲ့ပါတီ မရှိကြောင်း ဆိုပါတယ်။
ရွေးကောက်ပွဲမှာ ထိုင်းစစ်တပ်လိုလားတဲ့ပါတီက အနိုင်ရခြေများတယ်လို့ ထိုင်းရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။
နေ၀န်း
Ref; NHK
Isee Media




No comments:
Post a Comment