တာချီလိတ်မြို့မှာ လေထုအရည်အသွေးအညွှန်းကိန်း တိုင်းတာမှုတွေအရ မတ်(၂၇) ရက်၊ မနက်(၁၀)နာရီမှာ အညွှန်းကိန်းအဆင့်(၁၀၅)ကို ရောက်ရှိလာပြီး သင့်တင့် ကောင်းမွန်တဲ့ လေထုအရည်အသွေးအဆင့်ကို ပြန်လည်ရောက် ရှိလာတယ်လို့ သိရပါတယ်။
တာချီလိတ်မြို့မှာ နယ်စပ်ဖြတ်ကျော်မီးခိုးငွေ့တွေကြောင့် လေထု ညစ်ညမ်းမှုတွေဖြစ်ပေါ်နေတာပါ။ လေထုအရည်အသွေး တိုင်းတာမှုကို ဒုတိယကြိမ် အဖြစ် မတ်(၂၆)ရက် မနက်(၁၀) နာရီကနေ မတ်(၂၇)ရက် မနက်(၁၀)နာရီအထိ (၂၄)နာရီကြာ တိုင်းတာခဲ့တာဖြစ်ပါတယ်။
လေထုအရည်အသွေးအညွှန်းကိန်း (၁၀၀)အောက်ဆိုရင် ကျန်းမာရေးအတွက် သင့်တင့်လျောက်ပတ်တဲ့ အခြေအနေ ဖြစ်ပါတယ်။
လက်ရှိ အညွှန်း ကိန်း(၁၀၅)မှာရှိနေသေးတာကြောင့် ကျန်းမာရေး ချို့တဲ့သူတွေအတွက်တော့ မသင့်လျော်သေးဘူးလို့ ရှမ်းပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးပြည့်ဖြိုးကျော်က ပြောပါတယ်။
အရင်ရက်ပိုင်းတွေကရှိခဲ့တဲ့ အဆင့်(၂၀၀)ကျော်၊(၃၀၀) ကျော်နဲ့နှိုင်းယှဉ် ရင်တော့ အများကြီး ပြန်ကောင်းလာတဲ့ အနေအထားဖြစ်ပါတယ်။
လက်ရှိမှာ လေထုညစ်ညမ်းမှု လျော့ကျစေဖို့နဲ့ ကာကွယ်ဖို့အတွက် ခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ အရန်မီးသတ်တပ်ဖွဲ့တွေနဲ့ လူမှုရေးအဖွဲ့တွေ ပူးပေါင်းပြီး ကျန်းမာရေးဆိုင်ရာ အသိပေးတာ၊ နှာခေါင်းစည်းတွေ ဖြန့်ဝေတာ၊ မီးသတ်ကားတွေနဲ့ တစ်နေ့ကို (၃)ကြိမ် လေထုထဲကို ရေမှုန်ဖျန်းပက် ပေးတာတွေ ပြုလုပ်ပေးလျက်ရှိပါတယ်။
One News Myanmar



No comments:
Post a Comment