မန္တလေးတိုင်းဝန်ကြီး ချုပ်က ဥက္ကဋ္ဌအနေဖြင့်တာဝန်ယူ ဆောင်ရွက်သည့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီစတင်ဖွဲ့ စည်းချိန်ကစ၍ ၂၀၁၉ ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂၁ ခုအထိ စိစစ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း မန္တလေးတိုင်းဝန် ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် က ပြောကြားသည်။
‘‘ဒါက ကျွန်တော်တို့အစိုးရ လက်ထက် တိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီဖွဲ့စည်းပြီးမှ ခွင့် ပြုပေးခဲ့တာဖြစ်ပါတယ်။ ရင်းနှီး မြှုပ်နှံမှုကော်မတီဟာ တစ်ခါ တည်းအစည်းအဝေးထိုင်ပြီး အမှု တွဲတွေ ပြည့်စုံတယ်၊ ဆောင်ရွက် ရမယ့် လုပ်ထုံးလုပ်နည်းတွေပြည့် စုံတယ်ဆိုရင် တစ်ခါတည်းခွင့်ပြု ကတ်ပြားပါ တစ်ပြိုင်တည်းထုတ် ပေးပါတယ်’’ ဟု ဒေါက်တာဇော် မြင့်မောင်က ပြောသည်။
မန္တလေးတိုင်းဒေသကြီးရင်း နှီးမြှုပ်နှံမှု ကော်မတီက ခွင့်ပြု ခဲ့သည့် မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများမှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှ ၂၀၁၉ ဖေဖော်ဝါရီ အထိစာရင်းများအရ စက်မှုကဏ္ဍ လုပ်ငန်း ၁၁ ခုနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသုံးခု စုစုပေါင်း ၁၄ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏအနေဖြင့် ကျပ် ၃၈ ဒသမ ၃၁ ဘီလီယံရှိကြောင်း ၀န်ကြီး ချုပ်က ပြောသည်။
နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု အနေဖြင့် ဖေဖော်ဝါရီလကုန်အ ထိစာရင်းများအရ စက်မှုကဏ္ဍ လုပ်ငန်းငါးခု၊ ဟိုတယ်နှင့်ခရီး သွားလုပ်ငန်းတစ်ခု၊ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းတစ်ခု စုစု ပေါင်းလုပ်ငန်းခုနစ်ခုရင်းနှီးမြှုပ်နှံ ပြီး ပမာဏအနေဖြင့် ကန်ဒေါ် လာ ၂၀ ဒသမ ၁၅ သန်းရှိသည်။
တိုင်းဒေသကြီး ကော်မတီကခွင့်ပြုသည့် ရင်းနှီးမြှုပ်နှံမှုများမှ အလုပ်အကိုင်အခွင့်အ လမ်းဖန်တီးပေးနိုင်မှုသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှ အလုပ်အကိုင်အခွင့်အလမ်း ၂,၁၂၇ ခုနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုမှ ၁,၆၄၈ ခုဖန်တီးပေးနိုင်ခဲ့ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့သည့် နိုင်ငံများထဲတွင် တရုတ်နိုင်ငံ သည် ကန်ဒေါ်လာ ၁၅ သန်းဖြင့် အများဆုံးဖြစ်သည်။ ဂျပန်နိုင်ငံ သည် ကန်ဒေါ်လာ ၂ ဒသမ ၂၀၈ သန်းဖြင့် ဒုတိယနေရာတွင်ရှိနေ ကာ ကိုရီးယားနိုင်ငံသည်ကန်ဒေါ် လာနှစ်သန်း၊ ထိုင်းနိုင်ငံသည် ကန်ဒေါ်လာ ၀ ဒသမ ၇၄၃ သန်း ဖြင့် အသီးသီးရင်းနှီးမြှုပ်နှံထား သည်။
7Day

No comments:
Post a Comment